သူမရဲ႕သရဖူကို မဲေဖာက္ေရာင္းခ်ၿပီး မီးရႈိ႕ဖ်က္ဆီးခံလိုက္ရတဲ့ ကင္းမ႐ြာအတြက္ လႉဒါန္းမည့္ အလွမယ္ ယမုံ

330

မီးရႈိ႕ဖ်က္ဆီးခံလိုက္ရတဲ့ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္က ကင္းမ႐ြာအတြက္လႉဒါန္းဖို႔ Miss World Myanmar 2018 2nd runner up အလွမယ္ ယမုံဟာ သူမရဲ႕အလွမယ္သရဖူကို အြန္လိုင္းကေန မဲေဖာက္ေရာင္းခ်ေပးမယ္လို႔ သိရပါတယ္။

“ပထမကဒီ Crown ကိုေရာင္းဖို႔ ႀကိဳးစားတဲ့အခ်ိန္မွာ အားလုံးကအခက္အခဲျဖစ္ေနေတာ့ ဝယ္ဖို႔အဆင္မေျပၾကလို႔ မေရာင္းျဖစ္လိုက္ပါဘူး။ဒီတစ္ေခါက္ေတာ့ လိုအပ္တဲ့ေနရာေတြလႉခ်င္လို႔ Crown ကို မဲစနစ္နဲ႔ေရာင္းခ်င္ပါတယ္။တန္ဖိုးက ထိုင္းဘတ္ ၆၅၀၀၊ ျမန္မာက်ပ္ေငြ သိန္း ၃၀ ေက်ာ္ တန္ပါတယ္။ live လႊင့္ပီး မဲေဖာက္ေပးပါမယ္။ရတဲ့ေငြအကုန္ကို လိုအပ္သူေတြကိုလဲ လႉဒါန္းခ်င္လို႔ပါ” လို႔ အလွမယ္ ယမုံ က သူမရဲ႕လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။

မဲတစ္မဲကို ေငြတစ္ေသာင္းႏႈန္းနဲ႔ ေရာင္းခ်ခဲ့တာျဖစ္ၿပီး ယေန႔နံနက္ပိုင္းမွာ လိုအပ္တဲ့မဲအေရအတြက္ရရွိလို႔ မဲစာရင္းပိတ္လိုက္ၿပီလို႔ သိရပါတယ္။မဲအားလုံးေရာင္းခ်ၿပီးခ်ိန္မွာ သရဖူအတြက္ အြန္လိုင္းကေန live လႊင့္ၿပီး မဲေဖာက္ေပးသြားမယ္လို႔ သိရပါတယ္။

မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္၊ ကင္းမ႐ြာကို ဇြန္လ ၁၅ ရက္မွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက မီးရႈိ႕ဖ်က္ဆီးခဲ့ၿပီး အိမ္ ေျခ ၂၄၀ ေလာက္မွာ အိမ္ ၃၀ ေလာက္ပဲ မီးမေလာင္ဘဲ က်န္ရစ္တဲ့အျပင္ သက္ႀကီး႐ြယ္အိုတခ်ိဳ႕လည္း မီးေလာင္ေသဆုံးခဲ့ရပါတယ္။

Photo – YaMone FB

Unicode

မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ မကွေးတိုင်း ပေါက်မြို့နယ်က ကင်းမရွာအတွက်လှူဒါန်းဖို့ Miss World Myanmar 2018 2nd runner up အလှမယ် ယမုံဟာ သူမရဲ့အလှမယ်သရဖူကို အွန်လိုင်းကနေ မဲဖောက်ရောင်းချပေးမယ်လို့ သိရပါတယ်။

“ပထမကဒီ Crown ကိုရောင်းဖို့ ကြိုးစားတဲ့အချိန်မှာ အားလုံးကအခက်အခဲဖြစ်နေတော့ ဝယ်ဖို့အဆင်မပြေကြလို့ မရောင်းဖြစ်လိုက်ပါဘူး။ဒီတစ်ခေါက်တော့ လိုအပ်တဲ့နေရာတွေလှူချင်လို့ Crown ကို မဲစနစ်နဲ့ရောင်းချင်ပါတယ်။တန်ဖိုးက ထိုင်းဘတ် ၆၅၀၀၊ မြန်မာကျပ်ငွေ သိန်း ၃၀ ကျော် တန်ပါတယ်။ live လွှင့်ပီး မဲဖောက်ပေးပါမယ်။ရတဲ့ငွေအကုန်ကို လိုအပ်သူတွေကိုလဲ လှူဒါန်းချင်လို့ပါ” လို့ အလှမယ် ယမုံ က သူမရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
မဲတစ်မဲကို ငွေတစ်သောင်းနှုန်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး ယနေ့နံနက်ပိုင်းမှာ လိုအပ်တဲ့မဲအရေအတွက်ရရှိလို့ မဲစာရင်းပိတ်လိုက်ပြီလို့ သိရပါတယ်။မဲအားလုံးရောင်းချပြီးချိန်မှာ သရဖူအတွက် အွန်လိုင်းကနေ live လွှင့်ပြီး မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာကို ဇွန်လ ၁၅ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ် ခြေ ၂၄၀ လောက်မှာ အိမ် ၃၀ လောက်ပဲ မီးမလောင်ဘဲ ကျန်ရစ်တဲ့အပြင် သက်ကြီးရွယ်အိုတချို့လည်း မီးလောင်သေဆုံးခဲ့ရပါတယ်။

Photo – YaMone FB

LEAVE A REPLY

Please enter your comment!
Please enter your name here