သူမကို လူမှုကွန်ရက်ပေါ်မှာ ဆဲဆိုနေကြတဲ့လူတွေကို မရိုင်းစိုင်းကြဖို့ ဆုံးမသြဝါဒစကားတွေ ခြွေလိုက်တဲ့ တပ်ချစ်သူ ရွှေရူပါဦး

54

တပ်ချစ်သူတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ရွှေရူပါဦးကတော့ သူမကိုယ်သူမ အဓမ္မဘက်မှာရပ်တည်နေတာကို အသိတရားမရနိုင်သေးသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း ပြင်းပြင်းထန်ထန်ရရှိခဲ့တဲ့ ရွှေရူပါဦးဟာ ဒီကနေ့မှာလည်း သူမကို ဆိုရှယ်မီဒီယာမှာဝိုင်းဆဲနေကြတဲ့လူတွေကို စကားကြီးစကားကျယ်တွေပြောပြီး တရားဟောလိုက်ပြန်တာကို အခုလိုပဲတွေ့ရပါတယ်။

ရွှေရူပါဦးက “နှုတ်တစ်ရာ စာတစ်လုံး…တဲ့ လူတွေရဲ့ မနောကံ ကအစပြုလို့ ဝစီကံနဲ့ကာယကံအပြုအမှုတွေ ပြုလုပ်မိတတ်ကြပါတယ်။ ကုသိုလ်/အကုသိုလ် ပိုင်းခြားကြပြီး ကုသိုလ်အမှုရှိတဲ့ ကံ ၃ ပါးတွေပြုလုပ်ကြတာ ပြဿနာမရှိပေမယ့် Social media ပေါ်မှာ ဖရုဿဝါစာ ရုတ်ရင့်ကြမ်းတမ်းတဲ့အပြုအမူအပြောအဆိုတွေဟာ နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့အတိုင်း သမိုင်းတစ်ခုအဖြစ်

ကျန်ရှိနေမှာပဲဖြစ်လို့ မိမိသမိုင်းကို ဘယ်လိုလှအောင် ချန်ရစ်မလဲ? အကျည်းတန်အောင်ရော ချန်ရစ်ကြမှာလား? Caption တစ်ကြောင်း Comment တစ်လုံးနဲ့ ကိုယ့်ဘဝကိုမြှင့်မလား ဆွဲချသွားမလားဆိုတာ ဉာဏ်နဲ့ဆုံးဖြတ်ကြပါ။ထမင်းစားကြတဲ့သူတွေပဲလေ။ Public က ကြည့်ကောင်းလို့ ကြည့်နေတယ်များထင်မှတ်နေရင်တော့….မိမိကို မွေးထုတ်ပေးခဲ့တဲ့ မိဘတွေ တိရိစ္ဆာန်လုံးလုံးဖြစ်ပြီသာမှတ်ပေတော့” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရေးသားလာတာပဲဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here