အဆိုတော်ထူးအယ်လင်း ရဲ့ အစ်မဖြစ်သူ မဥမ္မာရှိန် ဗိုက်ကျည်ထိမှန် သေဆုံး

151

အဆိုတော်ထူးအယ်လင်း ရဲ့ အကို၊အစ်မနဲ့ညီ သေနတ်နဲ့ အပစ်ခံရ  အစ်မဖြစ်သူ မဥမ္မာရှိန် ဗိုက်ကျည်ထိမှန် သေဆုံး


မရမ်းကုန်းမြို့နယ်သမိုင်း (၁)ရပ်ကွက်က အဆိုတော် ထူးအယ်လင်း ရဲ့ အမေအိမ်နဲ့ အတူ၁၁လမ်းထဲက ကား​တွေကိုရိုက်ခွဲသွားခဲ့ပါတယ်။

ထူးအယ်လင်းရဲ့ မိသားစုအခြေအနေမှာ အကိုအကြီးဆုံးက ဗိုက်ကျည်ရှပ်မှန်ပြီး အချုပ်ကားနဲ့ပါသွားတယ်။ ဗိုက်ကျည်ဆံမှန်တဲ့အမက စိုးရိမ်ရတဲ့ အခြေအနေကနေ ယခုသေဆုံးသွားတဲ့အကြောင်းထူးအယ်လင်းကတင်ထားတာပဲဖြစ်ပါတယ်။။

ရာဘာကျည် ခြောက်ချက်ထိတဲ့ ညီအောင်ဖြိုး မစိုးရိမ်ရတော့ဘူးလို့သိရပြီး အမေဖြစ်သူက လက်ရှိ ကျန်းမာစွာ ရှိကြောင်းသိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here