မအလတပ်တွေ အကျအဆုံးများပြားလွန်းတဲ့ KIA တို့ရဲ့ စခန်းသိမ်းတိုက်ပွဲ

275

အလောတောင် (Alaw Bum) စခန်းသိမ်ဲးတိုက်ပွဲ

သတင်း အပြည့်အစုံ

(မအလ တပ်ရင်းမှူးနှင့် စစ်သား၎ယောက် ကိုအရှင်ဖမ်းမိ)
___
၂၅ မတ် ၂၀၂၁

KIA တပ်မဟာ ၅ လက်အောက် လှုပ်ရှားတပ်ရင်း၂၅ နဲ့ တပ်ရင်း ၃၀၊ တပ်ရင်း ၂၄ ပူးပေါင်းတပ်တို့ က အလောတောင်မှာ အခြေချထားတဲ့စကခ ၂၁ လက်အောက် ခမရ ၃၈၇ တပ်စခန်းကို ယမန်နေ့ညနေပိုင်း ငါးနာရီခွဲအချိန်မှာ ထိုးစစ်ဆင်
တိုက်ခိုက် ခဲ့တာပါ။

KIA တို့ဖက်က စစ်ကြောင်း ၃ ကြောင်းခွဲကာဗျူဟာမြောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အလောတောင်ပတ်ပတ်လည်မှာ ကင်းပုန်းချထားတဲ့ ကာကင်းတွေကို KIA တို့ဖက်မှခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး ည ဆယ်နာရီမိနစ်နှစ်ဆယ်မျှအချိန်မှာ မိုင်ဘောဝ်ပိုစ်၊ရှန်ထုန်ပိုစ် နဲ့ အခြားပိုစ် နှစ်ခုကို KIA တို့သိမ်းပိုက်နိုင်ခဲ့ပါတယ်။

KIA တို့ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ကို ဟန့်တားနိုင်ဖို့ အာဏာသိမ်းအုပ်စု ဖက်က ဒေါ့ဖုန်းယာန်ဟန်ကိုင်တောင် နဲ့ ဖွန်ပြန်တောင် တို့မှ ၈၁ မမ၁၂၀ မမ လက်နက်ပြီးများနဲ့ ပစ်ကူပေးကြပေမဲ့ KIA တို့ရဲ့ ရွံ့ရွံ့ချွံချွံတိုက်ခိုက်မှုကြောင့်ယနေ့နံနက် ၄:၂၀ နာရီအချိန်မှာ အလောတောင်ပင်မတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။

KIA ရှေ့တန်းသတင်းအရ အာဏာသိမ်းတပ်တို့ထိခိုက်ကျဆုံးမှုအများအပြားနဲ့ ဆုတ်ခွာခဲ့တာဖြစ်ပြီး KIAတို့ သုံ့ပန်း ၄ ယောက်ဖမ်းမိကာ လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ KIA တို့ထိခိုက်မှု အနည်းငယ်နဲ့ အောင်ပွဲဆင်နိုင်ခဲ့တာဖြစ်ပါတယ်။မအလ သူပုန်စစ်သား အယောက်၄၀ ကျော် ကျဆုံးသွားကြောင်းပါ သိရသည်။

တပ်ရင်းမှူးအဆင့်ရှိသူကိုပါ အရှင်ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA နဲ့ အာဏာသိမ်း

တပ်တို့အကြား ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲဟာ ယခုဆိုလျှင် ကချင်ပြည်

တနံတလျားထိပင် ပျံ့နှံ့လျက်ရှိနေပြီဖြစ်တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here