သမ္မတ ဂျိုးဘိုင်ဒင်လက်ထက် ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားက တာတိုပစ် ဒုံးနှစ်စင်း စမ်းသပ်ပစ်လွှတ်ပြ

267

သမ္မတ ဂျိုးဘိုင်ဒင်လက်ထက် ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားက တာတိုပစ် ဒုံးနှစ်စင်း စမ်းသပ်ပစ်လွှတ်ပြ

—အကုန်သိ သတင်းဌာန—

မြောက်ကိုရီးယားဟာ တနင်္ဂနွေနေ့ မှာ တာတိုပစ် ဒုံးနှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား အရာရှိတွေက ပြောဆိုပါတယ်။ ဒါဟာ သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်မှာ မြောက်ကိုရီးယားရဲ့ ပထမဆုံး ဒုံးပစ်လွှတ်မှုဖြစ်ပေမယ့် ဝါရှင်တန်ကတော့ အရေးမပါသလိုသဘောထားခဲ့ပြီး ပြုံယမ်းနဲ့ စေ့စပ်ဆွေးနွေးမှုအတွက် လမ်းဖွင့်ထားဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယား ပစ်လွှတ်ခဲ့တဲ့ လက်နက်စနစ်တွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက စမ်းသပ်မှုတားမြစ်ထားတဲ့ လက်နက်အမျိုးအစားတွေ မဟုတ်ကြောင်း ဘိုင်ဒင် အစိုးရအဖွဲ့မှ အကြီးတန်း အရာရှိနှစ်ဦးက အင်္ဂါနေ့  သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ မြောက်ကိုရီးယား အနောက်ဘက်ကမ်းရိုးတန်းမြို့ အွန်ချွန်းကမ်းလွန်ကနေ တနင်္ဂနွေနေ့  မနက်ပိုင်းမှာ ခရုဇ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့  တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံး(JCS) က ပြောဆိုပါတယ်။

ဆိုးလ်ဟာ မြောက်ကိုရီးယား လက်နက်စမ်းသပ်မှုလုပ်တော့မယ့် လက္ခဏာတွေကို စစ်ဆေးတွေ့ရှိခဲ့ပြီး အချိန်နဲ့တပြေးညီစောင့်ကြည့်ခဲ့ပါကြောင်း JCS အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့ မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ယခု ဒုံးတွေပစ်လွှတ်မှုဟာ ဘိုင်ဒင် ဇန်နဝါရီလမှာ ရာထူးစတင်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး လူသိရှင်ကြား လက်နက်စမ်းသပ်မှုဖြစ်ခဲ့ပါတယ်။ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here