သားကြီးလေးရဲ့ မွေးနေ့အဖြစ် စားသောက်ကုန်လှူဒါန်းတဲ့ အလှူလေးပြုလုပ်ခဲ့တဲ့ သဇင်

185

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက အဆိုတော် သရုပ်ဆောင် မင်းသမီတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တဲ့ သဇင်ကိုတော့ ပရိသတ်တွေ မှတ်မိနေဦးမယ်ထင်ပါတယ်။ သဇင်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ဘဲ မိသားစုနဲ့ အေးချမ်းစွာဘဝကို ဖြတ်သန်းနေပါတယ်။

သားသမီးရတနာအနေနဲ့ သားတစ်ယောက် သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ဒီနေ့ စက်တင်ဘာလ(၁၇)ရက်နေ့လေး သားကြီးလေးရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့လေးပါ။ သားကြီးလေးရဲ့ (၃)နှစ်ပြည့်မွေးနေ့အလှူလေးအနေနဲ့ လတ်တလောကာလမှာ စားဝတ်နေရေးခက်ခဲနေတဲ့ မိသားစု (၂၀)စာအတွက် ဆန်၊ဆီ၊နဲ့ ခေါက်ဆွဲခြောက် ကြက်ဥတို့ကို လှူဒါန်းတဲ့ အလှူလေးပြုလုပ်ခဲ့ပါတယ်။

Happy Birthday ပါ သားသားလေး နေဘုန်းနိုင်ရေ။ မိဘအားကိုးရတဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်ပြီး ပညာချွန်တဲ့ ပညာတတ်ကြီးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။  ပရိသတ်ကြီးတွေလည်း အလှူလေးကိုသာဓုခေါ်ရင်း သားသားလေးရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here