သားနဲ့သမီးကိုတွေ့ချင်လို့ ငိုပြီးတောင်းပန်တာတောင် တွေ့ခွင့်မရတဲ့ အဖြစ်ကိုပြောပြလာတဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ရဲ့ ရှေ့နေ

306

ပရိတ်သတ် အချစ်တော် ပြေတီနဲ့အုဝဲ တို့ဟာ တော်လှန်လေး ကာလမှာ ပြည်သူတွေအား လုံးရှေ့ကမားမားမတ်မတ် ရပ်တည် ပေးခဲ့တဲ့ အနုပ ညာရှင်တွေပါ။မတ်လ ကပြုလုပ်ခဲ့တဲ့နွေဉီးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့အတွက်ပုဒ်မ ၅၀၅(က)နဲဖမ်းဝရမ်းထုတ်ခံခဲ့ရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။ထွက်ပြေးတိမ်းရှောင်နေစဉ်မှာလည်းသားလေးနဲ့သမီးလေးကိုတွေ့ခွင့်မရခဲ့ပါဘူး။

သားသမီးတစ်ဖက်၊ ပြည်သူတစ်ဖက်ယှဉ်လာခဲ့တဲ့ အချိန်မှာပြည်သူတွေကိုဘဲ ရွေးချယ်သွားခဲ့တဲ့အတွက်နောက်ဆုံးမှာတော့ မိသားစုဝင်များကို အကြမ်းဖက်ဖမ်းဆီးမယ်လို့ ခြိမ်းချောက်ခြင်းခံရတဲ့ အတွက်နောက်ဆုံးအကြိမ်အဖြစ် သားသမီးမျက်နှာလေးကိုအိမ်မှာလာရောက်တွေ့ခဲ့ရပီး အဖမ်းခံခဲ့ရပါတယ်။

ဧပြီလ(၉)ရက်နေ့မှာ အဖမ်းခံခဲ့ ရပီး ယခုမှာတော့ တစ်လတိတိ ပြည့်ခဲ့ပီမလို့ ရှေ့နေတွေဆီကတစ်ဆင့်ရပိုင်ခွင့်ကိုတောင်းဆိုခဲ့ရာမှ ပယ်ချခံခဲ့ရပါတယ်။ ကိုပြေတီနဲ့မအူဝဲကိုအမှုလိုက်ပေးနေတဲ့ ရှေ့နေ့ကသူတို့ငိုယိုပီးတော့ကို တောင်းပန်ခဲ့တာပါ။ ဘယ်မိဘကသူတို့သမီးတွေကို မတွေ့ဘဲနေချင်ပါ့မလဲ၊

ကျမတို့ဘက်က အတတ်နိုင်ဆုံးတရားဝင်တောင်းဆိုခဲ့ပင်မယ့် ငြင်းခံရပါတယ်လို့ဖြေကြားသွားခဲ့ပါတယ်။ကျန်းမာရေးနဲ့ပတ်သတ်လို့လည်း အမနဲ့အကိုကတော့တော်တော်လေးကိုပိန်သွားတယ်၊နေတော့ကောင်းပါတယ်၊ပြည်သူတွေဂရုစိုက်ကြပါ၊တောင့်ခံထားကြပါအမြန်ဆုံးအဆုံးသတ်တော့မှာပါလို့ ဖြေကြားသွားခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here