သမီးဦးရတနာလေးကို ပိုင်ဆိုင်ရပြီမို့ အတိုင်းမသိ ဝမ်းသာပျော်ရွှင်နေတဲ့ နက္ခတ်

106

သရုပ်ဆောင် မင်းသားချောလေး နက္ခတ်ကတော့ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာခဲ့တာပဲဖြစ်ပါတယ် ။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သူဖြစ်ပြီး “ထာဝရမန္တလေး၊ အရိပ်၊ ကျွန်တော်အမုန်းဆုံး ကျွန်တော်” စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ အောင်မြင်မှုရရှိခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုရရှိထားတာပဲဖြစ်ပါတယ် ။

ဒါ့အပြင် နက္ခတ်က ချစ်ရတဲ့ ချစ်သူလေးနဲ့ လက်ထပ်ထားပြီး သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နက္ခတ်တို့ ဇနီးမောင်နှံကို လိုက်ဖက်လှတဲ့ အတွဲလေးအဖြစ် သတ်မှတ်ထားကြတာလည်း ဖြစ်ပါတယ်။

ယနေ့မှာတော့ နက္ခတ်က သတင်းကောင်းလေးတစ်ခုကို ဝေမျှလာပါတယ် ။ ဒါကတော့ ချစ်ဇနီးဖြစ်သူက သမီးဦးရတနာလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာကြောင့် ဖခင်နေရာကို ရောက်ရှိသွားလို့ အတိုင်းမသိ ပျော်ရွှင်နေရကြောင်းပဲဖြစ်ပါတယ် ။ သမီးလေးရဲ့ ချစ်စရာပုံလေးတွေကိုလည်း ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here