သတ္တိရှိရင်ပစ်လို့ပြောမိလိုက်တာသော ကျောက်တန်းက အုပ်ချုပ်ရေးမှူး တကယ်ပစ်ခံလိုက်ရ၍ ဦးနှောက်ပွင့် သေဆုံး

419





Unicode

သတ္တိရှိရင်ပစ်လို့ပြောမိလိုက်တာသော ကျောက်တန်းက အုပ်ချုပ်ရေးမှူး တကယ်ပစ်ခံလိုက်ရ၍ သေဆုံး

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ဇွန်လ ၂၅ ရက် ညနေ ၄ နာရီတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က အုပ်ချုပ်ရေးမှူး ရုံးတွင်းသို့ ဝင်ရောက်လာစဉ် အုပ်ချုပ်ရေးမှူး သန်းဇော်က လက်နက်ကိုင်များကိုသတ္တိရှိရင်ပစိလို့ စိန်ခေါ်လိုက်ရမှ တကယ်ပစ်ခတ်ခံရ၍ ခေါင်းပွင့်သေဆုံးသွားခဲ့ပြီး၊ အရပ်ဝတ်ဖြင့် လုံခြုံရေးယူသော ရဲမှ မပစ်ရန် တောင်းပန်ခဲ့ခြင်းကြောင့် ရာအိမ်မှူးနှင့် အရပ်ဝတ်ရဲတစ်ဦးဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

လက်နက်ကိုင်များ ပြန်လည်ထွက်ခွာသွားချိန်တွင် အုပ်ချုပ်ရေးမှူး သန်းဇော်သည် သေဆုံးနေပြီး ဒဏ်ရာရရှိသူ ၂ ဦးကို ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရှိရသည်။

လက်ရှိတွင် သန်လျှင်၊ ကျောက်တန်း နေရာပေါင်းစုံကို စစ်တပ်နှင့်ရဲများက ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here