သတင်းစာရောင်း​နေတဲ့အသက်(၈၀)ကျော် အဘိုးအိုကို သီချင်းအသံသွားသွင်းပြီးအပြန်မှာ အမှတ်မထင်ဆုံခဲ့တာကြောင့် တတ်နိုင်သလောက် ကူညီလှူဒါန်းပေးခဲ့တဲ့မိုးစက်

73

ရိသတ်ကြီးရေ ဒီနေ့မှာတော့ လူရွှင်တော်မိုးစက်ဟာ သူ့ရဲ့ အနုပညာအလုပ်ဖြစ်တဲ့ ဒလမြို့မှာ သီချင်းအသံသွင်းပြီးပြန်လာတဲ့ အချိန်ကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုပရိသတ်တွေ မုဒိတာပွားနိုင်အောင်ဝေမျှခဲ့တာဖြစ်ပါတယ်။ အသက်၈၀ကျော်အဘိုးအိုတစ်ယောက် သတင်းစာရောင်းကာအသက်မွေးဝမ်းကျောင်းခက်ခက်ခဲခဲ ပြုလုပ်နေရတာကို လမ်းကြုံတွေ့ခဲ့တာကြောင့် သူတတ်နိုင်တဲ့ဘက်ကကူညီထောက်ပံ့ခဲ့ကြောင်းပြောပြခဲ့တာပါ။

“ဒီနေ့ ဒလမြို့မှာ သီချင်းအသံသွင်းပြီး ပြန်လာတော့ပန်းဆိုးတန်းသင်္ဘောဆိပ်မှာ အသက် ( ၈၀) အရွယ် သတင်းစာရောင်းတဲ့ဘဘ နဲ့ ဆုံခဲ့တာပေါ့ဗျာ…။ဘဘ ရောင်းတဲ့နေရာမှာ လူတွေအရမ်းများနေတော့လူရှင်းတဲ့ ဘက်ကို ခေါ်လာပြီး ဘဘ ကို မေးမြန်းကြည့်မိတာပေါ့။ ”ဘဘ သတင်းစာ ရောင်းကောင်းရဲ့လား ”မဆိုးပါဘူးသားရယ်..ဒါပေမယ့် နေ့စဉ်ထုပ် သတင်းစာရောင်းတာဆို​တော့နေ့တိုင်း ကုန်အောင်စောင့်ရောင်းပြီးမှ လှိုင်သာယာ ပြန်ရတာပေါ့”

“ပြန်ရတာလဲ ဝေးလိုက်တာ ဘဘ ရယ်..ဒီလို လုပ် ဘဘ ရောင်းတဲ့ သတင်းစာကို သားအကုန်ဝယ်လိုက်မယ် ဘဘ ပြန်တော့နော် “ကျေးဇူးပါ သားရယ်… “”ရော့ ဘဘ ၇သောင်း””ဟာ…သား သတင်းစာဖိုးက ဒီလောက် မကျဘူးလေ…””ဟုတ်တယ် သားက ဘဘ တို့လို အသက်အရွယ်ရနေပေမယ့်မိသားစုအတွက် ရုန်းကန်နေကြတဲ့သမာအာဇီဝ တွေကို ချစ်လို့ လှူပေးတာပါ…”ပိုက်ဆံလေးလက်ထဲထည့်ပေးလိုက်ချိန်မှာဘဘ ရဲ့ ပီတိအပြုံးတစ်ပွင့်ဟာ…ကျွန်တော့်ရင်ထဲမှာ ပွင့်လန်းခဲ့ရပါပြီ။သမာအာဇီဝ နဲ့ ရုန်းကန်နေတဲ့ သူတွေကိုမြင်တွေ့တဲ့အခါ ကူညီနိုင်စေဖို့ လှူဒါန်းပေးကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးအထူးတင်လျက်ပါခင်ဗျာ…။”ဆိုတဲ့စာလေးနဲ့အတူ လှူဒါန်းမှုပုံရိပ်တွေကို ဝေမျှခဲ့တာပါ။ပရိသတ်ကြီးရေ အရွယ်ငယ်ပေမယ့် စိတ်ထားလေးရင့်ကျက်ကာ သူတစ်ပါးငိုကူညီတတ်တဲ့ မိုးစက်ရဲ့အလှူလေးအတွက်သာဓုခေါ်ခဲ့ပါဦးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here