လျှပ်စစ်မီတာခ ပေးဆောင်ပြီး နိုင်ငံကြီးသား ပီသကြဖို့ စစ်ကောင်စီ ပြော

140

လျှပ်စစ်ဓာတ်အား သုံးစွဲထားတဲ့ သတ်မှတ်ယူနစ်အတိုင်း လျှပ်စစ်မီတာခတွေ ပေးဆောင်ရမှာဖြစ်ပြီးပြည်သူတွေအနေနဲ့ နိုင်ငံကြီးသား ပီသကြဖို့ အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာ ဖြစ်ပါတယ်။လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစား သုံးသပ်နေတာတွေ ရှိပါတယ်။ ပြန်လည်စဉ်းစားသုံးသပ်ပေးနိုင်မယ့်အထဲမှာ တကယ့်ကို အကျပ်အတည်းတွေ့နေတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။ဒီဟာတွေနဲ့ ပတ်သက်ပြီးလုပ်ငန်းရှင်တွေ၊ လျှပ်စစ်ဓာတ်အား သုံးစွဲထားတဲ့ သတ်မှတ်သုံးစွဲထားတဲ့

သူတွေကတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ် အဓိကတော့ နိုင်ငံကြီးသား ပီသကြဖို့ ပြောချင်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။တချို့လူတွေဟာ သုံးစွဲထားတဲ့ လျှပ်စစ်မီတာခ အကြွေးတွေကို မပေးဆောင်ချင်တဲ့အတွက် “ပွဲလန့်တုန်းဖျာခင်း”တဲ့ ပုံစံမျိုး လုပ်ဆောင်နေကြတာလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကောင်စီဝင်ငွေရမယ့် လျှပ်စစ်မီခတွေကိုမပေးဆောင်ဘဲပြည်သူတွေက သပိတ်မှောက်နေကြတာ ဖြစ်သလို စစ်ကောင်စီကလည်း လျှပ်စစ်မီတာခတွေကိုပေးဆောင်ကြဖို့ အတင်းအကျပ်ဖိအားပေးနေပါတယ်။လျှပ်စစ်မီတာခ မပေးဆောင်တဲ့ နေအိမ်တိုက်ခန်းတွေကို အာဏာသိမ်းစစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက်လိုက်တာတွေ လုပ်ဆောင်နေသလို မီတာရုံးတချို့မှာ ဆက်တိုက်ဗုံးပေါက်ကွဲမှုတွေလည်း ရှိနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here