လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်လို့ တရုတ်နိုင်ငံက သတင်းဌာနက ဖော်ပြခြင်းခံလိုက်ရတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ပိုင်တံခွန် နဲ့ ဝတ်မှုန်ရွှေရည်

302

စိုင်းစိုင်းခမ်းလှိုင်၊ ပိုင်တံခွန် နဲ့ ဝတ်မှုန်ရွှေရည် တို့သုံးဦးက တော့ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရရှိနေကြတဲ့ ပရိသတ်အချစ်တော်လေးတွေပဲ ဖြစ်ပါတယ်နော် ။ သူတို့သုံးယောက်လုံးက လတ်တလောမှာဆိုရင် ပြည်သူပရိသတ်တွေ ဘက်ကနေ အခိုင်အမာရပ်တည်ပေးနေကြတာ ဖြစ်ပါတယ် ။ လူထုရဲ့ဆန္ဒနဲ့အတူ တစ်သားတည်းထပ်တူကျတဲ့ သူတိုသုံးယောက်က ပြည်သူတစ်ယောက်နေရာကနေ ကိုယ့်နိုင်ငံအကျိုး အတွက် တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ်။

ပိုင်တံခွန်ဟာဆိုရင် လူထုလှုပ်ရှားမှုတွေမှာ နေ့တိုင်းလိုလို ရဲဝင့်တက်ကြွစွာပါဝင်ပြီး ပြည်သူလူထုကို အရှေ့ဆုံးကနေ ကာကွယ်ပေးနေတာ ဖြစ်ပါတယ် ။ ဝတ်မှုံရွှေရည် အ နေနဲ့ကလည်း တရားစခန်းကပြန်ရောက်ရောက်ရောက်ချင်းမှာပဲ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ရင်တွင်းဆန္ဒတွေကို ဖော်ပြတောင်းဆိုခဲ့သူ ဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ လမ်းပေါ်က ပြည်သူတွေအမောပြေသောက်ဖို့ အချိုရည်တွေနဲ့ ရေသန့်တွေ လှူဒါန်းခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သူကိုယ်တိုင် လူထုနဲ့အတူ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ကိုယ့်နိုင်ငံအတွက် တာဝန်ကိုယ်စီထမ်းရွက်ရင်း အားသွန်ခွန်စိုက်ကြိုးစားနေတဲ့ သူတို့ ၃ ယောက်ကတော့ အခုဆိုရင် တရုတ်နိုင်ငံ၊ဟောင်ကောင်ရဲ့သတင်းမီဒီယာတစ်ခုမှာ ရေးသားဖော်ပြခြင်းခံလိုက်ရတာပဲ ဖြစ်ပါတယ် ။

စိုင်းစိုင်း၊ပိုင်တံခွန်နဲ့ ရွှေကစ် တို့အပြင် အခြားအနုပညာလောက သားတွေအားလုံးကလည်း လက်ရှိမှာဆိုရင် ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတာပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here