လှိုင်သာယာရှိ အိမ်ထောင်စု ၂၉၀စု တို့ကို စားသောက် ရိက္ခာများသွားရောက်လှူဒါန်းခဲ့တဲ့ ဝေဠုကျော်

261

သရုပ်ဆောင် ဝေဠုကျော်ကတော့ ပရဟိတသူရဲကောင်းအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခက်အခဲမှန်သမျှကိုလည်း လိုအပ်တဲ့အချိန်တိုင်း ကူညီဖြေရှင်းပေးနေသူလည်း ဖြစ်ပါတယ်။ လတ်တလော အခြေအနေတွေကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေသော ပြည်သူတွေအတွက်လည်း လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေကို ဆောင်ရွက်ပေးနေတာပါ။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဝေဠုကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်

2-4-2021

ယနေ့ လှူဒါန်းမှု လှိုင်သာယာ အိမ်ထောင်စု ၂၉၀ စု

#ဂေဠုကျော်ဖောင်ဒေးရှင်းမှ

လှိုင်သာယာရှိ လိုအပ်နေသော အိမ်ထောင်စု ၂၉၀စု သို့

တစ်အိမ်ထောင်လျှင်
ဆန် ၂ပြည်
ကြက်သွန်နီ ၅၀သါး

ကြက်ဥ ၁၀လုံး

မျှင်ငါးပိ ၁၅ကျပ်သား တို့ကို သွားရောက် ကူညီထောက်ပံ့ပေးခဲ့ပါသည်။

(ဒီနေ့ လမ်းကြောင်းရှင်းတယ် ဆိုလို့ လှိုင်သာယာသွားလှူတာပါ။

မြန်မြန်လှူ မြန်မြန်ပြန်ဖို့ လုပ်ပေမယ့်

အစစ်ဆေးတော့ခံရပါသေးတယ်။

ခေါ်စစ်ဆေးတယ်ဆိုတာနဲ့

ကိုဝေဠု နဲ့ အ​ဖေ့ကို ထားခဲ့ပြီး ကျန်တယ့်သူတွေကတော့

တန်းနေတာပဲ ပြန်ပြေးကြတာ။

ကျမက ရှေ့ဆုံးက ။

ဘယ်လို အိမ်ပြန်ရောက်မှန်းတောင်မသိဖူး။

ပြဿနာတော့ ဘာမှမရှိခဲ့ပါဖူး။

ဗိုလ်ကြီး၊ဗိုလ်မှူးကနေ ဗိုလ်ချုပ်အထိ တွေ့ခဲ့ရပါတယ်)

#ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010
09455500014
09776089484″ ဆိုပြီး ရေးသားဝေမျှထားတာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာရှိတဲ့ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် မီးဘေးသင့်ခံခဲ့ရတဲ့ ပြည်သူတွေအတွက်လည်း ကောက်ခံရရှိထားတဲ့ အလှူငွေများနဲ့ လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ ပြည်သူတွေအချင်းချင်း စည်းလုံးညီညွှတ်စွာနဲ့ အခုလိုလှူဒါန်းတာတွေကို သာဓုခေါ်ဆိုနိုင်စေရန် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here