လမ်းမှာ စွန့်ပစ်ခံထားရတဲ့ မွေးကာစ ကလေးငယ်လေးတစ်ဦးအကြောင်းကို စိတ်မကောင်းစွာ ပြောပြလာတဲ့ ခိုင်နှင်းဝေ

149

အခြေအနေ အမျိုးမျိုးကြောင့် မိဘမဲ့နေတဲ့ ကလေးငယ်လေးတွေကို တရားဝင် ခေါ်ယူ ထိန်းသိမ်း စောင့်ရှောက်ပေးနေသူကတော့ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေပဲဖြစ်ပါတယ်။ အခုအချိန်မှာ ဆိုရင် သူမက လူမှုကူညီရေး ပရဟိတတွေကိုလည်း အစွမ်းကုန် လုပ်ကိုင်နေသလို မိဘမဲ့ ကလေးလေးတွေ အတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ နွေးထွေးစွာ စောင့်ရှောက်မှုတွေ ပေးနေခဲ့ပါတယ်။

ဒီလို ခက်ခဲတဲ့ ကာလတွေမှာတောင် အကြောင်းမျိုးစုံကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်လေးတွေကို မွေးစားစောင့်ရှောက်ပေးနေတာ တွေ့ရတာ လေးစားစရာပါပဲ ။ အခုလည်း လမ်းမှာ စွန့်ပစ်ခံထားရတဲ့ မွေးကာစ ကလေးငယ်လေးတစ်ဦးအကြောင်းကို စိတ်မကောင်းစွာ ပြောပြရင်း လိုအပ်တာတွေ အကြောင်းစုံသိရပါက မွေးစားစောင့်ရှောက်ပေးမယ်လို့ သိရပါတယ် ။

ဒီဖြစ်စဉ်အသေးစိတ်ကိုလည်း ” တောင်ဒဂုံ (၂၆) ရပ်ကွက် ၊ ရဲရင့်အောင်လမ်း မှာ မွေးကာစ သမီးလေး တစ်ယောက်ကို စွန့်ပစ်သွားကြောင်း ၊ ဂေဟာ သို့ ပို့ချင်ကြောင်း ရပ်ကွက်မှ ဆက်သွယ် အကူအညီတောင်းလာပါတယ်..ဖြစ်စဉ်များကို ရပ်ကွက် အကူအညီ နဲ့ စုံစမ်းထားပြီး လိုအပ်တာများ ဆက်လက် လုပ်ဆောင်ရင်း ကလေး အတွက် စိတ်မကောင်းလဲ ဖြစ်မိပါတယ်ရှင်..” ရေးသားထားရာ ပရိသတ်ကြီး” ရေးသားထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here