လမ်းမမှာ တုံတုံချိချိနဲ့ ရေခဲချောင်း ရောင်းနေရှာတဲ့ အဖိုးအိုတစ်ဦးရဲ့ အဖြစ်ကို စိတ်မကောင်းစွာ ပြောပြရင်း ကူညီမှုတွေ ပေးခဲ့တဲ့ မိုးစက်

100

မိုးစက်က လတ်တလောမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာသမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေ သူတစ်ယောက်ပါ ။ မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို အများစုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိပါတယ် ။

အခုလည်း လမ်းသွားရင်း တုံတုံချိချိနဲ့ ရေခဲချောင်းရောင်းနေတဲ့ အဖိုးအိုတစ်ဦးကို တွေ့ပြီး လူသားချင်း စာနာစွာ ကူညီမှုတွေ ပြုလုပ်ပေးခဲ့ပါတယ် ။ အဖိုးက တောင်ဒဂုံ စက်မှုဇုံမှာနေထိုင်ပြီး တစ်နေ့ကိုရေခဲထုပ် အကုန်ရောင်းရမှ ကိုးထောင် ကျပ်သာရရှိတယ်လို့ လည်း ဆိုပါတယ် ။

မိုးစက်လည်း အဖိုးကို သနားပြီး ကူညီမှုတွေ ပြုလုပ်ပေးဖြစ်ခဲ့ပုံကို ” ဒီ ဘဘ က တောင်ဒဂုံစက်မှုဇုံထဲက ရေခဲထုပ်ရောင်းတဲ့ ဘဘပေါ့…။ ဘဘရေခဲထုပ်တွေ လှူဖူးလား. ???”3/4 ထုပ်အပြင် ပိုမလှူဖူးပါဘူးသားရယ်…”ရေခဲထုပ်က ဘယ်လောက်ဖိုးလောက်ပါ ” ၉၀၀၀ ဖိုးလောက်တော့ရှိဦးမယ်ထင်တယ်” သားဆီမှာပါတဲ့ ၅၄၀၀၀ ဘဘကိုကန်တော့မယ် ဘဘ သားနဲ့အတူ ရေခဲထုပ်တွေလှူမလား” လှုမှာပေါ့သားရယ် ဘဘလဲ အဲ့လို လှူရတာ သိပ်ပျော်တာ…”တဲ့။ တကယ်ပျော်စရာကြီးပါဗျာ…။ ဘဘလဲပျော် …ကျွန်တော်လဲပျော် စားသုံးကြသူတွေလဲပျော်။ အတုယူစရာကောင်းတဲ့ သက်ကြီးအဖိုးအဖွားတွေ ဈေးရောင်းတာတွေ့ရင် အားပေးကြဖို့ မမေ့နဲ့နော်။ ” ရေးသားထားရာ ဖတ်ပြီး ကြည်နူး ပီတိဖြစ်မိတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here