လတ်တလော ခေတ်စားနေတဲ့ Hometown Cha Cha Cha Series ထဲက OST Song လေးကို Cover ပြန်ဆိုပြခဲ့တဲ့ အေးမြဖြူ

183

ပရိသတ်ကြီးရေ အေးမြဖြူကတော့ ငယ်စဉ်ကတည်းက သီချင်းဆိုရာမှာပါရမီပါပြီး လက်ရှိမှာ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်းနိုင်အောင်ကြိုးစားနေပါတယ်။ အေးမြဖြူလေးကတော့ ပရိသတ်အခိုင်အမာလည်း ရရှိထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း အပြည့်အဝရရှိထားပါတယ်။

မိုးသိုလေးကတော့ သူရဲ့ ပရိသတ်တွေကို အမြဲတမ်းလိုလို တရင်းတနှီးနဲ့ ဆက်ဆံလေ့ရှိပြီး ပရိသတ်တွေကိုလည်း အမြဲလိုလို သီချင်းတွေသီဆိုပြလေ့ရှိပါတယ်။ အခုလို ကပ်ဘေးတွေကြောင့် ပရိသတ်တွေ စိတ်ညစ်နေချိန်မှာ စိတ်အပန်းပြေစရာတစ်ခုအနေနဲ့ သီချင်းလေးတစ်ပုဒ်ကို Cover Song အနေနဲ့ ပြန်လည်သီဆိုခဲ့ပါတယ်။ သီချင်းလေးကတော့ လတ်တလော ခေတ်စားနေတဲ့ Hometown Cha Cha Cha Series ထဲက OST Song လေးကို ကိုယ်ပိုင်ဟန်လေးနဲ့ ပြန်လည်သီဆိုပြခဲ့တာပါ။

မိုးသိုလေးကတော့ သူ့ရဲ့အမာခံပရိသတ်တွေဖြစ်တဲ့ မိုးစက်လေးတွေကို လွမ်းနေတာရယ် သီချင်းတွေမဆိုပြရတာကြာပြီဖြစ်တဲ့ အတွက် စိတ်ညစ်နေတာတွေကြာကနေ စိတ်အပန်းပြေစေဖို့ ရည်ရွယ်ပြီး သီဆိုပြခဲ့တာပါတဲ့။ ပရိသတ်ကြီးတွေထဲက မိုးသိုလေးရဲ့ ပရိသတ်တွေအတွက် ဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here