လက်မှာပရိတ်ကြိုး ခါးမှာပစ္စတိုနဲ့ အလှူတွေလုပ်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်

364

လက်မှာပရိတ်ကြိုး ခါးမှာပစ္စတိုနဲ့ အလှူတွေလုပ်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်

ဧရာဝတီတိုင်းမ်
ဧပြီလ ၁၂ ရက်။

အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သွားလေရာတပ်နဲ့ မြို့နယ်တွေမှာ အလှူလုပ်နေတာတွေ ထောက်ပံ့တာတွေလုပ်ပြီး စည်းရုံးရေးလုပ်နေတာကို တွေ့ရပါတယ်။

ဒီလိုမျိုး တပ်တွင်းထောက်ပံ့တာတွေ ပြည်သူတွေကိုလှူတာတွေမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပုံမှန်အတိုင်း လုံခြုံရေးအစောင့်အရှောက်နဲ့သာသွားလာခဲ့ပေမယ့် ဧပြီလ ပထမပတ်ကစတင်ပြီး ပရိတ်ကြိုးလက်မှာချည်ကာ သေနတ်ခါးကြားထိုးပြီး သွားလာတာတွေရှိလာတာပါ။

အာဏာသိမ်းစစ်တပ်ရဲ့ အရာရှိတွေကတော့ အရင်ကတော့ ခုလို မမြင်ဘူးသလို ဧပြီလဆန်းပိုင်းကစတင်ကာ ခုလိုပြုလုပ်လာတာဖြစ် ပေမယ့် လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ကတော့ ဒါဟာ အထူးအဆန်း မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

” အရင်ကတော့ အဲ့လိုသိပ်မတွေ့မိဘူး ခုရက်ပိုင်းမှာ စလုပ်လာတာ ပေါ့နော် ဒါပေမယ့် လက်နက်ကိုင်တပ်ဖွဲ့အတွက် ဒါကသိပ်တော့မထူးဆန်းဘူး၊ ထူးဆန်းတာက သက်တော်စောင့်တွေရှိတဲ့ကြားထဲက သူကိုယ်တိုင် သေနတ်ဆောင်တာ”လို့ ပြောပါတယ်။

ပုံမှန်အခြေအနေမျိုးမှာဆိုရင်တောင် အာဏာသိမ်းစစ်ခေါင်းဆောင် သွားလေရာနေရာတိုင်းမှာ လမ်းကြောင်းလုံခြုံရေးအတွက် အင်အား ၁၀၀ နဲ့ ၂၀၀ ကြားအသုံးပြုသလို စစ်ခေါင်းဆောင်ရဲ့ အနီးကပ်လုံခြုံရေးအတွက် အသေခံတပ်သား ၁၀ ဦးကနေ ၂၀ ဦးထိအသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။

ခုလိုမျိုးလုံခြုံရေး အထပ်ထပ် သက်တော်စောင့် အမြောက်အများ ကြားထဲက ခုလိုမျိုး အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် ခုလို ဘာသာရေးအဆောင်တွေအသုံးပြုပြီး သေနတ်ဆောင်လာတာဟာ ပြည်သူတွေအတွက်ရော တပ်တွင်းမှာပါ အထူးအဆန်းဖြစ်လာခဲ့ ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here