ရှမ်းပြည်ကဆေးကုသဖို့ရောက်နေတဲ့ သမီးငယ်လေး ကွယ်လွန်သွားကြောင်း စိတ်မကောင်းစွာနဲ့ မျှဝေလာခဲ့တဲ့ ခိုင်နှင်းဝေ

83

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ရက်အနည်းငယ်က မွေးရာပါ ကလီစာတွေထွက်နေတဲ့ ရှမ်းပြည်က မွေးကင်းစသမီးငယ်လေးတစ်ယောက် ခွဲစိတ်ကုသပေးဖို့ အကူညီတောင်းခံလာတာကြောင့် ခိုင်နှင်းဝေက ခေါ်ယူဆေးကုသပေးဖို့ စီစဉ်ခဲ့တဲ့သတင်းလေးကို ပရိသတ်ကြီးတွေလည်း ကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်နော်။

ခိုင်နှင်းဝေကတော့ သမီးလေးရဲ့ ရောဂါတွေပျောက်ကင်းအောင်ကုသပေးဖို့ ရန်ကင်းကလေးဆေးရုံမှာ ဆေးကုသဖို့ အားလုံးစီစဉ်ပေးခဲ့ပါတယ်။ သို့ပေမဲ့လည်း သမီးလေးကတော့ ဒီနေ့မှာပဲ ဆုံးပါးကွယ်လွန်သွားခဲ့ပါတယ်တဲ့။ ခိုင်နှင်းဝေက သမီးလေးအတွက် အကောင်းဆုံးကြိုးစားကုသပေးဖို့ စီစဉ်ခဲ့ပေမဲ့ သမီးလေးကတော့ ကံမကောင်းစွာနဲ့ပဲ လူလောကမှာ နေထိုင်ခွင့်မရရှိခဲ့ပါဘူး။သမီးလေးရဲ့ မိဘတွေကလည်းငိုကြွေးနေကြပြီး ခိုင်နှင်းဝေကိုယ်တိုင်ကလည်း သမီးလေးအတွက် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

ခိုင်နှင်းဝေက သမီးလေးအတွက် လိုအပ်တဲ့ သက်ပျောက်ဆွမ်းကပ် မီးသဂြိုလ်တဲ့ ကိစ္စတွေကို လိုက်လံလုပ်ဆောင်ပေးခဲ့ပြီး နောင်ဘဝမှာ ရောဂါကြီးတွေ ယူမလာပဲ ကျန်းမာ သန်းစွမ်းတဲ့ ကလေးအဖြစ် ပြန်လည်မွေးဖွားလာဖို့ ဆန္ဒပြုကာ သမီးလေးကွယ်လွန်သွားတဲ့အကြောင်း စိတ်မကောင်းစွာနဲ့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်  ပရိသတ်ကြီးရေ။

LEAVE A REPLY

Please enter your comment!
Please enter your name here