ရဲမေ ၁၈ယောက်ကို စားခဲ့တဲ့ ရဲမူးအား စကစမှ မူလရာထူးပြန်လည် ခန့်အပ်ထား

236

၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် လေးလခန့်အလိုက မြန်မာ့လူ့အဖွဲ့အစည်း အတွင်း ရွေးကောက်ပွဲအကြို ရင်ခုန်သံများသာ မိုးလုံးညံနေစဉ်ရဲမှူးချုပ် ဇော်မိုးသန်းဆိုသော အမည်က ကြားဖြတ် အရေးကြီးသတင်းအလား ပွက်လော ရိုက်ခဲ့ဖူးသည်။

ရဲမှူးချုပ် ဇော်မိုးသန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ခေါင်ချုပ် အဆင့်မြင့်အရာရှိ ထဲက တစ်ဦး မြန်မာတစ်နိုင်ငံလုံးမှ ရဲတပ်ဖွဲ့ဝင်များ၏ရာထူးအပြောင်းအရွှေ့ နေရာချထားရေး ကိစ္စရပ်များကို စီမံခန့်ခွဲရသည့် ရဲရာထူးခန့်ချုပ်ဖြစ်သည်။အဆိုပါ ရဲရာထူးခန့်ချုပ် ရဲမှုးချုပ်ဇော်မိုးသန်းက ၎င်း၏ လက်အောက်ငယ်သား ရဲမေအချို့အားရာထူးတိုးပေးမည့် မက်လုံးဖြင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့ သည်ဟု တိုင်ကြားခံရကာရဲတရားရုံးကစစ်ဆေးပြီးနောက် ၂၀၂၀ခုနှစ် ဇူလိုင်လအတွင်းက ရာထူးမှဖြုတ်ချခံရပြီး ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။

ယခုတွင်ရဲ့မှူး ဇော်မိုးသန်းအား စကစမှ နဂိုရာထူး ပြန်ပေးထားပြီး တာဝန်ပေးခိုင်းစေလျက်ရှိသည်တိုင်းပြည် အုပ်ချုပ်သူတွေက အခုလိုစိတ်ဓာတ်လေးတွေနဲ့ဆိုတော့ တိုးတက်မှာပေါ့ဗျာ လို့ ရဲဝန်ထမ်းတဦးကလဲ ပြောခဲ့သည်။တပ်ချစ်သူနဲ့ ရဲချစ်သူတွေကိုလဲ တခုပြောချင်တာက သမီးတွေညီမတွေရှိရင်တော့ တပ်ထဲရဲထဲ မသွင်းကြပါနဲ့ ပါတီအရောင် ခွဲခြားလို့ မဟုတ်ပါဘူးညီမချင်း သမီးချင်း ကိုချင်းစာလို့ပါ လို့ရဲအရာရှိဟောင်း တစ်ဦးမှလဲ ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here