ရဲတပ်ဖွဲ့ဝင်(၈)ယောက် CDM လုပ်ပြီး KNU မှာခိုလှုံ

323

KNU ထဲကို CDM လုပ်တဲ့ ရဲတပ်ဖွဲ့ဝင်(၈)ယောက် ထပ်ဝင်လာ
================
မတ်လ(၇)ရက်၊ ၂၀၂၁။

CDM ထဲပါဝင်လာတဲ့ ရဲတပ်သား(၈)ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဟာ KNU-သထုံခရိုင်တပ်မဟာ(၁)၊ ကျိုက်ထိုမြို့နယ် KNLA-တပ်ရင်း(၃)မှာ လာရောက်ခိုလှုံခဲ့ကြတယ်လို့ KNU က သိရပါတယ်။

မတ်လ(၅)ရက်နေ့မှာ ရဲတပ်သား(၆)ယောက်၊ မတ်လ(၆)ရက်နေ့မှာ ရဲတပ်သားတစ်ယောက်နဲ့ သူ့ဇနီး၊ မတ်လ(၇)ရက်နေ့မှာ ရခိုင်ပြည်နယ်ထဲတာဝန်ကျနေတဲ့ ရဲတပ်သားတစ်ယောက်တို့လာခိုလှုံခဲ့တာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကလည်း CDM ထဲပါဝင်လာတဲ့ တပ်မတော်သားတွေကို KNU က လက်ခံခဲ့ပါသေးတယ်။

ဒါ့အပြင် KNU ရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ကုလအထူးသံတမန်အဖြစ်ခန့်အပ်ထားတဲ့ ဒေါက်တာဆာဆာတို့ဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဆွေးနွေးခဲ့ကြပါသေးတယ်။

ဒီနေ့မနက်ကလည်း CRPH က နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတဲ့ ဦးထင်လင်းအောင်ဟာ CDM မှာပါဝင်တဲ့ ရဲ ၊ စစ်သားတွေအနေနဲ့ အန္တရယ်ရှိတယ်လို့ထင်ရင် နီးစပ်ရာတိုင်းရင်းသားလက်နက်ကိုင်တွေဆီ သွားခိုလှုံဖို့ တိုက်တွန်းထားပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here