ရန္သူ့စစ္စခန္းမ်ားကို အလိုအေလွ်ာက္ ပစ္မွတ္ရွာစနစ္ ဒ႐ုန္းမွာတပ္ျပီးစမ္းသပ္ခ်က္ ေအာင္ျမင္ခဲ့တဲ့ အေမရိကန္

268

အေမရိကန္ကုမၸဏီတစ္ခုျဖစ္တဲ့ General Atomics Aeronautical Systems, Inc. (GA-ASI) ဟာ Avenger Unmanned Aircraft System ဒ႐ုန္းစနစ္ကို ေလာ့ဟိမာတင္ထုတ္ ပစ္မွတ္အေပၚ အလိုအေလ်ာက္ေျခရာခံလိုက္ရွာေပးေသာစနစ္ Legion Pod တပ္ဆင္ၿပီး စမ္းသပ္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရွိရပါတယ္။

အဆိုပါေဆာင္႐ြက္ခ်က္ကို ကယ္လီဖိုးနီးယားေတာင္ပိုင္း သဲကႏၲရထူထပ္တဲ့ ေနရာမွာ စမ္းသပ္ေဆာင္႐ြက္ခဲ့တယ္လို႔ သိရွိရပါတယ္။

စစ္ဘက္တိုက္ေလယာဥ္အမ်ားစုမွာ ပစ္မွတ္ကို ေျခရာခံဖို႔အတြက္ ေဝဟင္မွ ေဝဟင္ပစ္မွတ္ရွာေရဒါစနစ္ကို တပ္ဆင္အသုံးျပဳေလ့ရွိပါတယ္။

ခုေတာ့ ဒ႐ုန္းစနစ္အေပၚကို ေရာက္ရွိလို႔လာပါၿပီ။ ဒါဟာတကယ့္ကို ထိေရာက္မႈတစ္ခုပါ။

Legion Pod စနစ္ဟာ ဘက္စုံေဆာင္႐ြက္ႏိုင္တဲ့ အာ႐ုံခံစနစ္ေတြပါဝင္ပါတယ္။ ေရဒါကေန ဖမ္းယူရရွိျခင္းမရွိႏိုင္တဲ့ ပစ္မွတ္ရွာျခင္းစနစ္ေတြအေပၚမွာ ပူးေပါင္းေဆာင္႐ြက္ႏိုင္တယ္လို႔ဆိုပါတယ္။

၁၆ လက္မအ႐ြယ္တည္ေဆာက္ထားတဲ့ ၎စနစ္မွာ IRST21 အာ႐ုံခံစနစ္ အပါအဝင္ ရန္သူကို ေဝဟင္မွေဝဟင္အျပစ္ ၾကည္လင္ျပတ္သားစြာ ေထာက္လွမ္းခြဲျခားႏိုင္ဖို႔ အဆင့္ျမႇင့္အာ႐ုံခံစနစ္ေတြပါဝင္ပါတယ္။ ၎စ နစ္ေတြကို အက္ဖ္-၁၆ နဲ႔ အက္ဖ္-၁၅စီ ေတြမွာ ေအာင္ျမင္စြာ အသုံးျပဳခဲ့ၿပီးသား လည္းျဖစ္တယ္လို႔ သိရွိရပါတယ္။

Unicode

ရန်သူ့စစ်စခန်းများကို ကိုယ့်ဘာသာခြေရာခံနိုင်တဲ့ စနစ် ကို ဒရုန်းမှာတပ်ပြီးစမ်းသပ်ချက် အောင်မြင်ခဲ့တဲ့ အမေရိကန်

အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ General Atomics Aeronautical Systems, Inc. (GA-ASI) ဟာ Avenger Unmanned Aircraft System ဒရုန်းစနစ်ကို လော့ဟိမာတင်ထုတ် ပစ်မှတ်အပေါ် အလိုအလျောက်ခြေရာခံလိုက်ရှာပေးသောစနစ် Legion Pod တပ်ဆင်ပြီး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါဆောင်ရွက်ချက်ကို ကယ်လီဖိုးနီးယားတောင်ပိုင်း သဲကန္တရထူထပ်တဲ့ နေရာမှာ စမ်းသပ်ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။

စစ်ဘက်တိုက်လေယာဉ်အများစုမှာ ပစ်မှတ်ကို ခြေရာခံဖို့အတွက် ဝေဟင်မှ ဝေဟင်ပစ်မှတ်ရှာရေဒါစနစ်ကို တပ်ဆင်အသုံးပြုလေ့ရှိပါတယ်။

ခုတော့ ဒရုန်းစနစ်အပေါ်ကို ရောက်ရှိလို့လာပါပြီ။ ဒါဟာတကယ့်ကို ထိရောက်မှုတစ်ခုပါ။

Legion Pod စနစ်ဟာ ဘက်စုံဆောင်ရွက်နိုင်တဲ့ အာရုံခံစနစ်တွေပါဝင်ပါတယ်။ ရေဒါကနေ ဖမ်းယူရရှိခြင်းမရှိနိုင်တဲ့ ပစ်မှတ်ရှာခြင်းစနစ်တွေအပေါ်မှာ ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။

၁၆ လက်မအရွယ်တည်ဆောက်ထားတဲ့ ၎င်းစနစ်မှာ IRST21 အာရုံခံစနစ် အပါအဝင် ရန်သူကို ဝေဟင်မှဝေဟင်အပြစ် ကြည်လင်ပြတ်သားစွာ ထောက်လှမ်းခွဲခြားနိုင်ဖို့ အဆင့်မြှင့်အာရုံခံစနစ်တွေပါဝင်ပါတယ်။ ၎င်းစ နစ်တွေကို အက်ဖ်-၁၆ နဲ့ အက်ဖ်-၁၅စီ တွေမှာ အောင်မြင်စွာ အသုံးပြုခဲ့ပြီးသား လည်းဖြစ်တယ်လို့ သိရှိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here