ရန္သူမ်ား၏ သြားကို႐ိုက္ခ်ိဳးပစ္မည္ဟု ႐ုရွားသမၼတပူတင္ သတိေပး

197

႐ုရွားႏွင့္ အေနာက္ႏိုင္ငံမ်ားၾကား တင္းမာမႈမ်ားျမင့္တက္ေနခ်ိန္တြင္ ႐ုရွားႏိုင္ငံအား တိုက္ခိုက္မည့္သူမ်ား သို႔မဟုတ္ ႏိုင္ငံ့နယ္နိမိတ္အတြင္းရွိ အက်ိဳးစီးပြားမ်ားကို မ်က္စိက်ေနသူမ်ား၏သြားကို ႐ုရွားႏိုင္ငံသားမ်ားက ႐ိုက္ခ်ိဳးပစ္မည္ျဖစ္ေၾကာင္း ႐ုရွားသမၼတ ဗလာဒီမာပူတင္က ေမလ ၂၀ ရက္တြင္ သတိေပးေျပာၾကားခဲ့သည္။

႐ုရွား၏ ရန္သူမ်ားသည္ ႐ုရွားႏိုင္ငံ၏ အင္အားႀကီးမားလာမႈကို အခ်ိန္ျပည့္ေစာင့္ၾကည့္ေနသည္ဟုလည္း ပူတင္က အစိုးရအဖြဲ႕အစည္းအေဝးတြင္ ေျပာၾကားခဲ့သည္။

“တစ္ေနရာရာမွာ လူတိုင္းက ကြၽန္ေတာ္တို႔ကို ကိုက္ခ်င္ေနၾကတာပါ။ ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ဆီက တစ္ခုခုကို ကိုက္ဆြဲသြားခ်င္တာပါ။ ဒါေပမယ့္ သူတို႔မကိုက္ႏိုင္ေအာင္ သူတို႔ရဲ႕သြားေတြကို ကြၽန္ေတာ္တို႔က ႐ိုက္ခ်ိဳးမယ္ဆိုတာကိုလည္း သူတို႔သိသင့္ပါတယ္” ဟု ပူတင္က ဆိုသည္။

၁၉၉၁ ခုႏွစ္တြင္ ဆိုဗီယက္ယူနီယံၿပိဳကြဲသြားခဲ့ေသာ္လည္း ေျမေနရာအက်ယ္အဝန္းအရ ကမာၻ႔အႀကီးဆုံးႏိုင္ငံျဖစ္သည့္႐ုရွားသည္ အခ်ိဳ႕ေသာသူမ်ားအတြက္ အလြန္ႀကီးမားလြန္းေနသည္ဟု ပူတင္က ေျပာၾကားခဲ့သည္။

ပူတင္သည္ ႐ုရွား၏ရန္ဘက္မ်ားကို အမည္အတိအက် ထုတ္ေဖာ္ေျပာဆိုျခင္းမရွိခဲ့ေသာ္လည္း ႏိုင္ငံအားကာကြယ္ရန္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားကို အင္အားႀကီးမားေစေရးသည္ အေရးႀကီးသည္ဟု ေျပာၾကားခဲ့သည္။

႐ုရွားႏိုင္ငံအား ဆယ္စုႏွစ္ႏွစ္စုေက်ာ္ၾကာ အုပ္ခ်ဳပ္ခဲ့သည့္ အသက္ ၆၈ ႏွစ္အ႐ြယ္ ပူတင္သည္ အစည္းအေဝးပြဲမ်ားတြင္ ရွင္းရွင္းဘြင္းဘြင္းေျပာဆိုသည့္ စကားမ်ားေၾကာင့္ လူသိမ်ားထင္ရွားသူျဖစ္သည္။

၁၉၉၉ ခုႏွစ္ကလည္း လူသိမ်ားထင္ရွားခဲ့သည့္ ၎၏ေျပာၾကားမႈတစ္ခုမွာ ေခ်ခ်င္းညာစစ္ေသြးႂကြမ်ားအား အိမ္သာထဲထိ ဝင္ေရာက္တိုက္ခိုက္မည္ဟူသည့္ ေျပာၾကားမႈ ျဖစ္သည္။

ယူကရိန္းနယ္စပ္တြင္ ႐ုရွားစစ္သားမ်ားထားရွိမႈ၊ အေမရိကန္ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္စြက္ဖက္မႈႏွင့္ အျခားရန္လိုသည့္ လုပ္ေဆာင္မႈမ်ားေၾကာင့္ ႐ုရွားအစိုးရႏွင့္ အေနာက္ႏိုင္ငံမ်ားၾကား တင္းမာမႈမ်ားမွာ ပိုမိုျမင့္တက္ခဲ့သည္။

သို႔ေသာ္လည္း ေမလ ၁၉ ရက္က အိုက္စလန္ႏိုင္ငံတြင္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကင္ႏွင့္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလက္ဗေရာ့ဗ္တို႔ ေတြ႕ဆုံခဲ့သည့္ ေဆြးေႏြးမႈမ်ားအရ ဆက္ဆံေရးတင္းမာမႈမ်ားမွာ ေလ်ာ့က်လာဖြယ္ရွိမည့္ အရိပ္လကၡဏာမ်ား ထြက္ေပၚခဲ့သည္။

ႏွစ္နာရီနီးပါးၾကာျမင့္ခဲ့သည့္ ေဆြးေႏြးမႈမ်ားအတြင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကင္က ႐ုရွားႏွင့္ အေမရိကန္ ေခါင္းေဆာင္မ်ားသည္ အတူတကြ လက္တြဲလုပ္ေဆာင္ႏိုင္မည္ဆိုပါက ကမာၻႀကီးသည္ ပိုမိုေဘးကင္းလုံၿခဳံလာႏိုင္မည္ဟု အေမရိကန္အစိုးရဘက္က ရႈျမင္ေၾကာင္း ေျပာၾကားခဲ့သည္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး လက္ဗေရာ့ဗ္ကလည္း မိမိတို႔အေနျဖင့္ ျပႆနာအားလုံးကို ႁခြင္းခ်က္မရွိ ေဆြးေႏြးရန္ အသင့္ရွိေနၿပီး ယင္းေဆြးေႏြးမႈမ်ားသည္႐ိုးသားၿပီး ႏွစ္ဦးႏွစ္ဘက္ ယုံၾကည္မႈအေပၚ အေျခခံရမည္ဟု တုံ႔ျပန္ေျပာၾကားခဲ့သည္။

Unicode

ရုရှားနှင့် အနောက်နိုင်ငံများကြား တင်းမာမှုများမြင့်တက်နေချိန်တွင် ရုရှားနိုင်ငံအား တိုက်ခိုက်မည့်သူများ သို့မဟုတ် နိုင်ငံ့နယ်နိမိတ်အတွင်းရှိ အကျိုးစီးပွားများကို မျက်စိကျနေသူများ၏သွားကို ရုရှားနိုင်ငံသားများက ရိုက်ချိုးပစ်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မေလ ၂၀ ရက်တွင် သတိပေးပြောကြားခဲ့သည်။

ရုရှား၏ ရန်သူများသည် ရုရှားနိုင်ငံ၏ အင်အားကြီးမားလာမှုကို အချိန်ပြည့်စောင့်ကြည့်နေသည်ဟုလည်း ပူတင်က အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“တစ်နေရာရာမှာ လူတိုင်းက ကျွန်တော်တို့ကို ကိုက်ချင်နေကြတာပါ။ ဒါမှမဟုတ် ကျွန်တော်တို့ဆီက တစ်ခုခုကို ကိုက်ဆွဲသွားချင်တာပါ။ ဒါပေမယ့် သူတို့မကိုက်နိုင်အောင် သူတို့ရဲ့သွားတွေကို ကျွန်တော်တို့က ရိုက်ချိုးမယ်ဆိုတာကိုလည်း သူတို့သိသင့်ပါတယ်” ဟု ပူတင်က ဆိုသည်။

၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံပြိုကွဲသွားခဲ့သော်လည်း မြေနေရာအကျယ်အဝန်းအရ ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်သည့်ရုရှားသည် အချို့သောသူများအတွက် အလွန်ကြီးမားလွန်းနေသည်ဟု ပူတင်က ပြောကြားခဲ့သည်။

ပူတင်သည် ရုရှား၏ရန်ဘက်များကို အမည်အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့သော်လည်း နိုင်ငံအားကာကွယ်ရန် လက်နက်ကိုင်တပ်ဖွဲ့များကို အင်အားကြီးမားစေရေးသည် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအား ဆယ်စုနှစ်နှစ်စုကျော်ကြာ အုပ်ချုပ်ခဲ့သည့် အသက် ၆၈ နှစ်အရွယ် ပူတင်သည် အစည်းအဝေးပွဲများတွင် ရှင်းရှင်းဘွင်းဘွင်းပြောဆိုသည့် စကားများကြောင့် လူသိများထင်ရှားသူဖြစ်သည်။

၁၉၉၉ ခုနှစ်ကလည်း လူသိများထင်ရှားခဲ့သည့် ၎င်း၏ပြောကြားမှုတစ်ခုမှာ ချေချင်းညာစစ်သွေးကြွများအား အိမ်သာထဲထိ ဝင်ရောက်တိုက်ခိုက်မည်ဟူသည့် ပြောကြားမှု ဖြစ်သည်။

ယူကရိန်းနယ်စပ်တွင် ရုရှားစစ်သားများထားရှိမှု၊ အမေရိကန်ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မှုနှင့် အခြားရန်လိုသည့် လုပ်ဆောင်မှုများကြောင့် ရုရှားအစိုးရနှင့် အနောက်နိုင်ငံများကြား တင်းမာမှုများမှာ ပိုမိုမြင့်တက်ခဲ့သည်။

သို့သော်လည်း မေလ ၁၉ ရက်က အိုက်စလန်နိုင်ငံတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်တို့ တွေ့ဆုံခဲ့သည့် ဆွေးနွေးမှုများအရ ဆက်ဆံရေးတင်းမာမှုများမှာ လျော့ကျလာဖွယ်ရှိမည့် အရိပ်လက္ခဏာများ ထွက်ပေါ်ခဲ့သည်။

နှစ်နာရီနီးပါးကြာမြင့်ခဲ့သည့် ဆွေးနွေးမှုများအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ရုရှားနှင့် အမေရိကန် ခေါင်းဆောင်များသည် အတူတကွ လက်တွဲလုပ်ဆောင်နိုင်မည်ဆိုပါက ကမ္ဘာကြီးသည် ပိုမိုဘေးကင်းလုံခြုံလာနိုင်မည်ဟု အမေရိကန်အစိုးရဘက်က ရှုမြင်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ဗ်ကလည်း မိမိတို့အနေဖြင့် ပြဿနာအားလုံးကို ခြွင်းချက်မရှိ ဆွေးနွေးရန် အသင့်ရှိနေပြီး ယင်းဆွေးနွေးမှုများသည်ရိုးသားပြီး နှစ်ဦးနှစ်ဘက် ယုံကြည်မှုအပေါ် အခြေခံရမည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here