ရန်ကုန်-မန္တလေး အဆန်ရထားအား စဥ့်ကိုင်မြို့နယ်အနီးတွင် ဖောက်ခွဲခံရ

159

ရန်ကုန်-မန္တလေး အဆန်ရထားအား စဥ့်ကိုင်မြို့နယ်အနီးတွင် အဝေးထိန်းစနစ်ဖြင့် ပြုလုပ်သော လက်လုပ်မိုင်းနှင့် ဖောက်ခွဲခံရမှု စက်တင်ဘာ ၁၉ရက် (ယနေ့) နံနက်၈နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့မှ ထွက်ခွာလာသော အဆန်ရထားသည် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ ပတ္တာ ကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် အဝေးထိန်းစနစ်ဖြင့်ပြုလုပ်သော လက်လုပ်မိုင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ရထား စက်ခေါင်းပိုင်းတချို့ပျက်စီးခဲ့ပြီး ရထားသံလမ်းပေအနည်းငယ် ချို့ယွင်းခဲ့ကာ လိုက်ပါလာသူ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း စက်မောင်းတွင် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ရထားပေါ်မှာ ခရီးသည် တစ်ရာလောက်တော့ ပါမယ်ထင်တယ်။ အဝေးထိန်းနဲ့ ဖောက်ခွဲတယ်လို့ ပြောသံကြားတာပဲ။ စက်ခေါင်းပိုင်း ထိခိုက်ပျက်စီးသွားတယ်။ စက်မောင်းတော့ ဒဏ်ရာရသွားတယ်။ ကျန်တာတွေတော့ အသေးစိတ်မသိသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here