ရန်ကုန်၊လမ်းမတော် ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပြီး ကားတစ်စီးမီးလောင်နေ

138

နိုဝင်ဘာ ၁၀ ရန်ကုန်၊ လမ်းမတော်မြို့နယ် ၊ ဘုန်းကြီးလမ်းနှင့်ကမ်းနားလမ်းဘက် ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး လမ်းမပေါ်တွင် ယနေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန် ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားပြီး ကားတစ်စီးမီးလောင်နေကြောင်း သိရှိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ရဲနှင့်စစ်သားများက ကမ်းနားလမ်းကို ပိတ်ဆို့ထားပြီး မဆိုင်သူများ အပြင်မထွက်ရန် ပြည်သူများကို ဆဲဆိုခြိမ်းခြောက်နေကြောင်း လမ်းမတော်ပြည်သူတစ်ဦးက ပြောဆိုသည်။

“လမ်းထဲက ဈေးသည်တွေလည်း ပြန်သိမ်းခိုင်းတယ်။ တိုက်ပေါ်က လူတွေလည်း မဆိုင်ရင် မဆင်းနဲ့ ခေါင်းပြူမကြည့်နဲ့ ပစ်ခံရမယ်ဆိုပြီး အော်ဟစ်ဆဲဆိုတယ်။ ကမ်းနားလမ်းကိုပိတ်ပြီး စစ်နေတယ် အခု” ဟု ဒေသခံတစ်ဦးက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here