ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဝင်ကြေး ၅ ဆ တိုးမြှင့်ကောက်ခံ

165

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝင်ကြေး ကလေး၊ လူကြီး တစ်ဦးကို ကျပ် ၅၀၀၀ အထိ တိုးမြင့်လိုက်တာကြောင့် တိရစ္ဆာန်တွေကို အစာသွားရောက်ကျွေးချင်တဲ့ပြည်သူတွေ အခက်အခဲဖြစ်လာနေပါတယ်။

လာရောက်လည်ပတ်သူပြည်သူတစ်ဦးက “တိရစ္ဆာန်ဥယျာဉ်လာတာ အထဲက တိရစ္ဆာန်လေးတွေ အစာကျွေးချင်တာရယ်၊ ကလေးတွေ အားလပ်ရက် လိုက်ပို့ချင်တာရယ်ကြောင့်ပါ။ အခုဝင်ကြေးက ကလေးကော လူကြီးကော တစ်ယောက် ငါးထောင်ဆိုတော့ အခုလို မပြေလည်တဲ့ကာလမှာ စဉ်းစားကြည့်ပါဦး”လို့ ပြောပါတယ်။

တိရစ္ဆာန်ရုံဝင်ကြေးကို အရင်က လူကြီးကျပ် ၁၀၀၀ ၊ ကလေး ကျပ် ၅၀၀ ကောက်ခံနေရာကနေ အခု ကျပ် ၅၀၀၀ အထိ ငါးဆနီးပါးထိ တိုးမြင့်ကောက်ခံနေတာဖြစ်ပါတယ်။

စနေ၊ တနင်္ဂနွေ အားလပ်ရက် လာရောက်လည်ပတ်သူတွေများပြားပြီး ခုလို ဝင်ကြေး ကျပ် ၅၀၀၀ တိုးမြှင့်ကောက်ခံတာကြောင့် အလည်လာသူတွေ အထဲမဝင်ဘဲ လှည့်ပြန်နေကြတာလည်း ရှိပါတယ်။

တိရစ္ဆာန်ဥယျာဉ်ထဲမှာတော့ ဈေးဆိုင်တွေ ပိတ်ထားတာကြောင့် တိရစ္ဆာန်လေးတွေ အစာရေစာ ခက်ခဲမှာစိုးရိမ်ပြီး အလည်လာတဲ့ ပြည်သူတွေက အပြင်ကနေ အစာတွေဝယ်ယူကာ အစာကျွေးကြတာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here