ရခိုင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ နေထက်လင်း

163

နေထက်လင်းကတော့ လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်ကာ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေနဲ့အတူ ရပ်တည်နေတာဖြစ်ပြီး တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးကျဆုံးသွားကြတဲ့ လူငယ်သူရဲကောင်းတွေအတွက်လည်း စိတ်ထိခိုက်ခံစားနေရတာလည်း ဖြစ်ပါတယ်..။

လှူဒါန်းမှုတွေနဲ့ တစ်ဖက်တစ်လမ်းကနေ ပြည်သူအတွက်အားဖြည့်ပါဝင်နေတဲ့ နေထက်လင်းကတော့ ရခိုင်ပြည်နယ်စစ်တွေမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်..။

စစ်ဘေးရှောင်ပြီး အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် အဝတ်အထည်၊ စာရေးကိရိယာ၊ ကလေးများအတွက်အရုပ်နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို အခြားအလှူရှင်တွေနဲ့အတူ စုပေါင်းပြီးကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်..။

“ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ မဏီရတနာကျောင်းတိုက်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းတွင် ဒီကနေ. အလိုတော်ပြည့်ဆရာတော်ကြီးအားအမှူထား၍ ရန်ကုန်အလိုတော်ပြည်ကျောင်းတိုက်ရှိ လက်ထောက်ဆရာတော် ဦးဇင်းဘီလူး(ခ)ရှင်ကုမာရ နှင့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နေထက်လင်း/ဆုဒါလီ/ကိုသန်းဆွေ/ကိုရိုင်တာနှင့်ကွီးဖိုးဇော်တို့မှာ လူကြီးနှင့်ခလေးများအတွက် အဝတ်အထည်/စာအုပ်စာတန်း/ခလေးရုပ်များ/ကလေးတွေနဲ.ပတ်သက်သော အရာများစွာကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းမှူအစုစုတို့ကို သာဓု၃ကြိမ်ခေါ်စေသော် 🙏🙏🙏

ယနေ့ စစ်တွေမြို့ရှိ စစ်ဘေး/တိုက်ပွဲရှောင်ပြည်သူများ ခိုလှုံနေရာတွင် ထောက်ပံ့ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ အနန္တသတ္တဝါတွေ ဘေးရန်ကင်းပချမ်းသာကြပါစေ။ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ🇲🇲😍🙏..” ဆိုပြီး အလှူအကြောင်းကို အသိပေးပြောပြထားတာပါ..။

တိုင်းရင်းသားအချင်းချင်းဖေးမကူညီမှုတွေနဲ့ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ နေထက်လင်းရဲ့ ပုံရိပ်တွေကတော့ နှစ်သက်ကြည်နူးစရာကောင်းတာမို့ ပရိသတ်တွေလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

LEAVE A REPLY

Please enter your comment!
Please enter your name here