ယနေ့ KBZ Bank ရဲ့ လူမဆန်တဲ့ လုပ်ရပ်

242

ယနေ့ 16-March-2021 ရက်နေ့ တွင် ပြည်လမ်း KBZ Bank မှ Bank ဖွင့်ပြီး ငွေလွှဲ ငွေထုတ်များ ဆောင်ရွက်ပေးနေပါသည်

Bank ဖွင့်တာကြောင့် KBZ မှ အပ်နှံငွေများကိုထုတ်ယူရန်လာသော Customer များကို ငွေလွှဲဝန်ဆောင်မှုပဲ လုပ်ပေးနိုင်သည် ငွေထုတ်မပေးနိုင်ဟု ပြောကြားရာမှ Customer မှ ကိုယ့်ငွေ ကိုယ်ထုတ်တာ အဲ့လောက်ခက်ခဲရသလားဟု အချင်းပွါးကြရာ

🛑KBZ မှ တာဝန်ရှိသူက ထွက်မဖြေရှင်းဘဲ ရဲနှင့် စစ်သားတို့အား လှမ်းခေါ် ခဲ့ရာ Customer ၄ ဦးကို အချုပ်ကား စစ်သား၊ ရဲသားတို့မှ သေနတ်ဖြင့် လာရောက် ဖမ်းဆီးသွားခဲ့ပါသည်

🛑ရဲ/စစ်သားတွေက ဘဏ်ဖွင့်ချိန်ကတည်းက လုံခြုံရေးယူထားခြင်းမဟုတ်ပါ .. အချင်းဖြစ်ပွါးပြီးမှ အချုပ်ကားရောက်လာပြီး KBZ bank ပေါက်တွင် ပိတ်ကာ bank အတွင်းသို့ ဝင်ရောက်ဖမ်းဆီးသွား ခြင်းဖြစ်ပါသည်

အဲ့ကတည်းက KBZ က ကိုယ့် Customer ကို ဖမ်းခိုင်းချင်လို့ ရဲခေါ် တာ ထင်ရှားနေသည်
ကျမ အဒေါ် (၂)ယောက်နှင့် တခြားကောင်လေးတစ်ယောက် ကောင်မလေး တစ်ယောက် စုစုပေါင်း ၄ ယောက်ကို ခေါ် သွားတာပါ…

ကမာရွတ်စခန်းလည်း လိုက်သွားတာ မရှိဘူးလို့ ပြောပါတယ်…
အင်းစိန်ထောင် လိုက်သွားတော့လည်း မရှိဘူး ပြော ပါတယ် 😭😭

အဲ့ KBZ ပြည်လမ်း Bank လိုက်သွားတော့လည်း သူတို့ မသိဘူဘဲ ငြင်းပါတယ် ရှာချင် စခန်းသွားရှာ လို့ပဲ ပြောပါတယ်… တာဝန်ရှိသူနဲ့လည်း ပေးမတွေ့ပါဘူး…

🛑Bank မှာ ငွေထုတ်တဲ့ကိစ္စပါ

ဘာမှ ရဲတိုင် စစ်သားခေါ်စရာ မလိုပါဘူး… ကိုယ့်ပိုက်ဆံကို ထုတ်နေတာပါ

bank ကို ဓါးမြတိုက်နေတာလဲ မဟုတ်ပါဘူး…

ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်တာတောင် ရဲခေါ်အချုပ်ကားနဲ့ ဖမ်းခိုင်းတဲ့ KBZ bank ရေ

နင်တို့ ရဲ့ customer service လား အဲ့ဒါ 😡😡😡

ငါ့အဒေါ်တွေ ဘယ်ရောက်မှန်းမသိ အစအနပျောက်သွားလို့ကတော့ နင်တို့ KBZ bank မှာ တာဝန် အပြည့်အဝရှိတယ် .. 😡😡😡

#shameonyoukbzbank

ဘဏ်မှာ ငွေထုတ်လို့ အဖမ်းခံရတယ်တဲ့ .. KBZ ရေ မှတ်ထား 😡

LEAVE A REPLY

Please enter your comment!
Please enter your name here