ယခုႏွစ္အကုန္တြင္ တိုက္ေလယာဥ္သစ္ အစင္း ၆၀ ေက်ာ္ လက္ခံရရွိေတာ့မည့္ ႐ုရွားေလတပ္ဖြဲ႕

133

ယခုႏွစ္အကုန္တြင္ ႐ုရွားေလတပ္ဖြဲ႕သို႔ ေလယာဥ္သစ္ အစင္း ၆၀ ေက်ာ္ႏွင့္ အဆင့္ျမႇင့္ထားသည့္ ေလယာဥ္ အစင္း ၂၀၀ ေက်ာ္ ေပးပို႔သြားမည္ဟု ႐ုရွားအာကာသတပ္ဖြဲ႕ ဒုတိယအႀကီးအကဲ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆာ ဂ်ီဒရိုေနာ့ဗ္က အင္တာဗ်ဴးတစ္ခုအတြင္း ေျပာၾကားခဲ့သည္။

ဒီႏွစ္အကုန္မွာ တိုက္ေလယာဥ္သစ္ အစင္း ၆၀ ေက်ာ္ကို ႐ုရွားေလတပ္ဖြဲ႕ကို ေပးပို႔သြားဖို႔ စီစဥ္ထားပါတယ္ ဟု သူက ဆိုသည္။

႐ုရွားေလတပ္ဖြဲ႕သို႔ ေပးပို႔မည့္ေလယာဥ္မ်ားတြင္ Su-30SM၊ Su-35S၊ Su-57၊ Su-34 အလတ္စား ဗုံးႀကဲ ေလယာဥ္မ်ား၊ အႀကီးစား သယ္ယူပို႔ေဆာင္ေရးေလယာဥ္မ်ား

Mi-28NM ႏွင့္ Ka-52 တိုက္ခိုက္ေရးရ ဟတ္ယာဥ္မ်ား၊ Mi-8AMTSh-VN အထူးစစ္ဆင္ေရးသုံး ရဟတ္ယာဥ္မ်ား ပါဝင္ေၾကာင္း ဒရိုေနာ့ဗ္က ေျပာသည္။

ထို႔အျပင္ ႐ုရွားေလတပ္ဖြဲ႕က အဆင့္ျမႇင့္တင္ထားေသာ ေလယာဥ္အစင္း ၂၀၀ ေက်ာ္ လက္ခံရရွိမည္ဟု ၎က ဆက္လက္ေျပာၾကားသည္။

ဆီးရီးယားနိုင္ငံ၌ တိုက္ခိုက္ေရးအေျခအေနမ်ားတြင္ အဆိုပါတိုက္ေလယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ားကို စမ္းသပ္ေနၿပီး လိုအပ္ပါက ျပင္ဆင္မႈမ်ား ျပဳလုပ္မည္ဟု ဒရိုေနာ့ဗ္က ေျပာသည္။

Ref; People Media

Unicode

ယခုနှစ်အကုန်တွင် ရုရှားလေတပ်ဖွဲ့သို့ လေယာဉ်သစ် အစင်း ၆၀ ကျော်နှင့် အဆင့်မြှင့်ထားသည့် လေယာဉ် အစင်း ၂၀၀ ကျော် ပေးပို့သွားမည်ဟု ရုရှားအာကာသတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဆာ ဂျီဒရိုနော့ဗ်က အင်တာဗျူးတစ်ခုအတွင်း ပြောကြားခဲ့သည်။

ဒီနှစ်အကုန်မှာ တိုက်လေယာဉ်သစ် အစင်း ၆၀ ကျော်ကို ရုရှားလေတပ်ဖွဲ့ကို ပေးပို့သွားဖို့ စီစဉ်ထားပါတယ် ဟု သူက ဆိုသည်။

ရုရှားလေတပ်ဖွဲ့သို့ ပေးပို့မည့်လေယာဉ်များတွင် Su-30SM၊ Su-35S၊ Su-57၊ Su-34 အလတ်စား ဗုံးကြဲ လေယာဉ်များ၊ အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ်များ

Mi-28NM နှင့် Ka-52 တိုက်ခိုက်ရေးရ ဟတ်ယာဉ်များ၊ Mi-8AMTSh-VN အထူးစစ်ဆင်ရေးသုံး ရဟတ်ယာဉ်များ ပါဝင်ကြောင်း ဒရိုနော့ဗ်က ပြောသည်။

ထို့အပြင် ရုရှားလေတပ်ဖွဲ့က အဆင့်မြှင့်တင်ထားသော လေယာဉ်အစင်း ၂၀၀ ကျော် လက်ခံရရှိမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဆီးရီးယားနိုင်ငံ၌ တိုက်ခိုက်ရေးအခြေအနေများတွင် အဆိုပါတိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များကို စမ်းသပ်နေပြီး လိုအပ်ပါက ပြင်ဆင်မှုများ ပြုလုပ်မည်ဟု ဒရိုနော့ဗ်က ပြောသည်။

Ref; People Media

LEAVE A REPLY

Please enter your comment!
Please enter your name here