စစ်တပ်က အမေရိကန်ပြည်ထောင်စုမှာထားရှိတဲ့ နိုင်ငံခြားအရံငွေ တစ်ဘီလီယံဒေါ်လာကို ယူဖို့ ကြိုးစားတာ မအောင်မြင်

187

“ဒေါ်လာ တစ်ဘီလီယံကိုယူဖို့ စစ်တပ်ကြိုးစားတာ မအောင်မြင်”

နိုင်ငံတော်ကိုပုန်ကန်ပြီး လက်နက်နဲ့အာဏာကို အဓမ္မသိမ်းယူထားတဲ့ မြန်မာစစ်တပ်က အမေရိကန်ပြည်ထောင်စုမှာထားရှိတဲ့ ပြည်ထောင်စုအစိုးရရဲ့ နိုင်ငံခြားအရံငွေ တစ်ဘီလီယံဒေါ်လာကို ဗဟိုဘဏ်ကနေ ထုတ်ယူဖို့ ဖေဖော်ဝါရီ ၄ရက်နေ့က ကြိုးစားခဲ့တာကို အမေရိကန်အစိုးရက ပိတ်ချလိုက်တယ်လို့ ရိုက်တာသတင်းက ရေးလိုက်ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်က မြန်မာစစ်တပ်အပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေမလုပ်ခင်မှာ ဗဟိုဘဏ်ကနေ ငွေဆွဲထုတ်ဖို့ကြိုးစားတာကို အမေရိကန်အစိုးရက ဆိုင်းငံ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတဂျိုးဘိုင်ဒန်က ပြည်ထောင်စုအစိုးရပိုင် တစ်ဘီလီယံဒေါ်လာကို ဖေဖော်ဝါရီ ၁၀ရက်နေ့မှာ လက်မှတ်ရေးထိုး ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရရဲ့ အရံနိုင်ငံခြားငွေ တစ်ဘီလီယံ‌ဒေါ်လာကို CBIAS –Central Bank and International Account Services လို့သိကြတဲ့ နယူးယောက်ဖယ်ဒရယ်က စီမံခန့်ခွဲနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီငွေတွေကို အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရမှာ အပြောင်းအလဲလုပ်နိုင်တာဖြစ်ပါတယ်။

အာဏာသိမ်းမြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးချိန်ကစလို့ ပြည်တွင်းပြည်ပမှာရှိတဲ့ ငွေတွေကို အဓမ္မလုယူနေပြီး ဖေဖော်ဝါရီ တတိယအပတ်အတွင်း တစ်နိုင်ငံလုံးအနှံ့က မြန်မာ့စီးပွါးရေးဘဏ်တွေကနေ ငွေတွေအလုံးအရင်းနဲ့ ခိုးယူသွားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here