မကြာခင် ကျရောက်တော့မယ် သီတင်းကျွတ် ကာလလေးအတွက် အမှတ်တရ ဖြစ်စရာလေးတွေကို ဖန်းတီးတင်ဆက်လာတဲ့ နော်ဖော်အယ်ထား

108

နိုင်ငံခြားမင်းသမီးလေးလား ထင်မှားရလောက်အောင် ချစ်ဖို့ကောင်းတဲ့ နော်ဖော်အယ်ထားကိုတော့ပရိသတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမရဲ့ ချစ်စရာအပြုံးလေးတွေကပဲ ပရိသတ်ရဲ့အချစ်တွေကို ပိုစေခဲ့တာလည်းဖြစ်ပါတယ်။ဖြူဝင်းဥတဲ့ အသားအရည်လေးရယ် သွယ်လျကျစ်လစ်ပြီး အဆီပိုမရှိတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတိုင်း အားကျနှစ်သက် ချစ်ခင်နေရသူလေးလည်းဖြစ်ပါတယ်။

ကြွေရုပ်လေးလို့ ထင်မှားရလောက်အောင် ဖြူဝင်းလှပနေသူလေးမို့ မိန်းကလေးပရိသတ်အချို့ အားကျချစ်ခင်နေရခြင်းလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း မကြာခင်ကျရောက်တော့မယ့် သီတင်းကျွတ်ကာလလေးအတွက် အမှတ်တရ ပုံရိပ်လေးတွေကို ဖန်တီး ရိုက်ကူးကာ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားပါတယ်။

ပုံလေးထဲမှာ နော်ဖော်တစ်ယောက် အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။ ပုံလေးတွေနဲ့ အတူ ” ဝါလကင်းလွတ်သီတင်းကျွတ်ကာလအချိန်အခါမှာ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းတွေနဲ့ တလုံးတဝတည်း ပြီးပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…” ရေးသား ဆုတောင်းထားပေးရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here