မကြာခင်မှာ ရောင်းချတော့မယ့် သူရဲ့ စားသောက်ကုန် အသစ်လေးကို ကိုယ်တိုင် ကြော်ငြာကာ ပရိသတ်တွေကို မိတ်ဆက်ပေးလိုက်တဲ့ ဦးမိုးဒီ

212

ရယ်စရာဟာသလေးတွေနဲ့ မရိုးနိုင်အောင် ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ ဇာတ်ပို့သရုပ်ဆောင် ဟာသလူရွှင်တော်ဖြစ်တဲ့ အကယ်ဒမီ ဦးမိုးဒီကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေ ချစ်ခင်အားပေးနေကြရသူပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အသက်အရွယ်အရ အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့်လည်း ပရိသတ်တွေကတော့ ချစ်ခင်အားပေးနေကြဆဲပါ ။ မကြာခင်နာရီပိုင်းက ဦးမိုးဒီက ကိုယ်တိုင် ထုတ်လုပ်ရောင်းချမယ့် စားသောက်ကုန် အသစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ် ။

ဒါကတော့ မြန်မာလူမျိုးတိုင်း ကြိုက်နှစ်သက်ကြတဲ့ မုန့်ဟင်းခါး ခြောက်ထုပ်လေးပဲဖြစ်ပါတယ် ။ ဒါ့အပြင် အကယ်ဒမီဆိုတဲ့ နာမည်နဲ့ ဒီမုန့်ဟင်းခါးခြောက်ထုပ်ကိုလည်း သူကိုယ်တိုင်ပါဝင် သရုပ်ဆောင်ကာ ကြော်ငြာ ရိုက်ကူးနေတဲ့ ရိုက်ကွင်းပုံရိပ်တွေကိုလည်း ဝေမျှထားပါသေးတယ် ။ ပရိသတ်ကြီးလည်း ဦးမိုးဒီရဲ့ မုန့်ဟင်းခါးလေးကို အားပေးလိုက်ပါဦးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here