မမြသွဲ့သွဲ့ခိုင်အား လူထုသူရဲကောင်း အဖြစ် ဂုဏ်ပြု

131

နေပြည်တော်တွင်ရဲတပ်ဖွဲ့က ပစ်ခတ်သဖြင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာရရှိခဲ့သည့် အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်အား လူထုသူရဲကောင်းအဖြစ် ဂုဏ်ပြုကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂကကြေညာ ခဲ့သည်။

အဆိုပါ ကြေညာချက်ကို ယမန်နေ့(ဖေဖော်ဝါရီ ၁၂ )ရက်က ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဖေ့စ်ဘွတ်ခ် ပေ့ခ်ျ၌ ကြေညာခဲ့ခြင်းဖြစ်ကာ ယင်းအတွက် အပြစ်မဲ့ပြည်သူများအပေါ် လက်နက်ဖြင့် ပစ်ခတ်အကြမ်းဖက်ခဲ့မှုအား ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ပြည်သူတစ်ရပ်လုံးမှ ရရာနည်းလမ်းပေါင်းစုံဖြင့် အရှိန်မြှင့်ကာ ဆန့်ကျင်ရန် ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

မင်းရန်နောင်

LEAVE A REPLY

Please enter your comment!
Please enter your name here