မုံရွာသား မိုးမိုးအား မုံရွာပြည်သူလူထုတရပ်လုံးမှ ရွံရှာစက်ဆုပ်စွာ ဖယ်ကျဉ်ကြောင်း အသိပေးလိုက်ပြီ

182

အဆိုတော် သရုပ်ဆောင် မိုးမိုးအား မုံရွာပြည်သူလူထုတစ်ရပ်လုံးမှ ရွံရှာစက်ဆုပ်စွာ ဖယ်ကျဉ်ကြောင်း အသိပေးခြင်း …..

အဆိုတော် သရုပ်ဆောင် မိုးမိုးသည် မုံရွာမြို့တွင်နေထိုင်ကြီးပြင်းခဲ့ပြီး မုံရွာမြို့၏ ဂုဏ်သိက္ခာ မုံရွာလူထု၏ ဂုဏ်သိက္ခာကို ရိုက်ချိုးသော အပြုအမူများကိုလုပ်ဆောင်နေကြောင်းတွေ့ရှိပြီးဖြစ်ပါလိမ့်မည် ။ ပြည်သူလူထုတစ်ရပ်လုံး ဝမ်းနည်းပူဆွေးနေချိန် စစ်အာဏာသိမ်း စစ်ခွေးဘီလူးများ ကျင်းပသည့် ပြည်သူနှင့်လုံးဝမသက်ဆိုင်သော သကြင်္န်ပွဲတော်တွင် စစ်ခွေးတစ်သိုက်အလိုကျ စစ်ကျွန်ပါးဝစွာ သွားရောက်ဆင်နွှဲပါဝင်နေသည်ကို တွေ့မြင်ရသည့်အတွက် လွန်စွာစက်ဆုပ်ရွံရှာမိပါသည် ။

သို့ပါ၍ မိုးမိုး အား ပြင်းထန်သော ပြစ်ဒဏ် ပြုလုပ်ချိန်တန်ပြီဖြစ်ပါသည် ။ မကြာသေးခင်အချိန်တွေမှာလည်း အိမ်ထောင်ရေးဖောက်ပြန်မှုတို့ကြောင့် နာမည်ပျက်စာရင်း ဝင်ထားသောအနုပညာရှင်တစ်ဦးဖြစ်ပါသည် ။

ပြည်သူများစွာ ရင်းနှီးပေးဆပ်ရသော အသက် သွေး ချွေး တို့ကိုမှ မထောက် ၊ ပြည်သူများ၏ မျက်ရည်ပေါက်ကြီးငယ်ကျရသောအချိန်များတွင် စစ်ခွေးအာဏာရူးများနှင့် ပျော်ပါးနေနိုင်သော၊ မသထာရေစာ ငွေအဿပြာကို မက်မောနေသော ထို ထို စစ်ကျွန် မိုးမိုး အား မုံရွာပြည်သူလူထုနှင့် လုံးဝသက်ဆိုင်မှုမရှိတော့ပါကြောင်း ၊ မုံရွာသားအနုပညာရှင်ဟူ၍ သတ်မှတ်ခွင့်မရှိတော့ပါကြောင်း ၊ နောင်တစ်ချိန် မုံရွာပွဲလမ်းသဘင်ဖျော်ဖြေရေးများတွင် ၄င်းအားထည့်သွင်းအသုံးမပြုရန် တာမြစ်ပိတ်ပင်တော့မည် ဖြစ်ပါကြောင်း ၊

၎င်းနှင့်သက်ဆိုင်သော သာရေး၊ နာရေးကိစ္စအဝဝကို မြို့နေလူထုမှ ပါဝင်ပက်သတ်မှုမပြုကြခြင်းဖြင့် ဝိုင်းဝန်းဖယ်ကျဉ်ကြပါရန် တိုက်တွန်းလိုက်ရပါသည် ။ ၄င်းရောင်းချနေသော ဟော့ပေါ့ဆိုင်အား လုံးဝအားပေးခြင်းမပြုကြရန်နှင့် ၄င်းပါဝင်သော တေးစီးရီးများအား ဖွင့်လှစ်ခြင်း ရောင်းချခြင်း အားပေးခြင်းများ လုံးဝမလုပ်ကြရန် တိုက်တွန်းအပ်ပါသည် ။

ပြည်သူ ၇၀၀ ကျော်အသက်ဆုံးရှုံးရသည့်တိုင် စစ်ခွေးတစ်သိုက်ဖြင့် ပါဝင်ပက်သတ်နေသော မိုးမိုးအား လူသတ်အားပေး သစ္စာဖောက်လောက်ကောင်အဖြစ် သတ်မှတ်၍ ဤနေ့ဤအချိန်မှစပြီး ဝိုင်းဝန်ဖယ်ကျဉ် နှာခေါင်းရှုံ့ကြပါရန် အလေးအနက်တိုက်တွန်းလိုက်ပါသည် ။

မုံရွာလူထုမှပေးသော ကြီးလေးသည့်ပြစ်ဒဏ်နှင့် ၄င်းဘဝတစ်သက်စာ သိမ်ငယ်ရှက်ရွံ့စွာ နေထိုင်ရှင်သန်စေရမည်

LEAVE A REPLY

Please enter your comment!
Please enter your name here