မိုးဗြဲ PDF စစ်သမီးတွေရဲ့ လှုပ်ရှားမှုကို ပထမဆုံးအကြိမ် လူထုဆီထုတ်ပြ

121

ရှမ်းတောင် မိုးဗြဲဒေသ ပြည်သူ့ကာကွယ်ရေးတပ် စစ်သမီးတွေရဲ့ ကြံ့ခိုင်ရေး၊ ကယ်ဆယ်ရေးလေ့ကျင့်မှုတွေနဲ့ စားသောက်နေထိုင်မှုပုံစံတွေကို မိုးဗြဲ PDF က ပထမဆုံးအကြိမ်အနေနဲ့ လူထုဆီကို မနေ့ညက ထုတ်ပြခဲ့ပါတယ်။

” စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ် မြန်မာပြည်‌ထောင်စုကြီး ပေါ်ထွန်းရေးအတွက် ကဏ္ဍအသီးသီးမှာ တက်ကြွလှုပ်ရှားနေကြတဲ့ အမျိုးသမီးများကို MB PDF က လေးစား ဂုဏ်ပြုပါသည်” လို့ ဖော်ပြပါတယ်။

ခက်ခဲကြမ်းတမ်းမှုတွေကို ကျား/မ မခွဲခြားဘဲ တန်းတူကြိုးစားပေးနေတဲ့ အမျိုးသမီးထုကြီးအတွက်လည်း အင်မတန် ဂုဏ်ယူဝမ်းမြောက်ရကြောင်းကိုလည်း မိုးဗြဲ PDF က အသိအမှတ်ပြုဖော်ပြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here