မိုးကုတ်က အထင်ကရဆရာတော်ကိုတောင် အလွှတ်မပေးတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်

229

ညနေကဖမ်းခံရသည့် မိုးကုတ်က အထင်ကရဆရာတော် ပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲခံရ

BAP

မန္တလေးတိုင်း မိုးကုတ်မြို့က အထင်ကရဆရာတော်တစ်ပါးဖြစ်သော ရေပူကျောင်းတိုက်ဆရာတော်သည်နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-ခ ဖြင့် အမှုဖွင့်ခံရကြောင်း သိရသည်။

ယနေ့ ညနေပိုင်းက ရေပူဆရာတော်အပါအဝင် ကျောင်းမှ သံဃာ ၃ ပါး ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် ရဟန်း ၁ ပါးနှင့် ကိုယ်ရင်ကြီးတစ်ပါးတို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ရေပူဆရာတော်ကိုတော့ မလွှတ်ပေးဘဲ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း

မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။

“ ဆရာတော်ကိုကျတော့ သပိတ်စစ်ကြောင်းဖြိုခွဲပြီးတဲ့အချိန် ၄ နာရီခွဲခန့်မှာ မြတ်စေတနာလူမူကူညီရေး အသင်းရုံးထဲ ထိုင်နေချိန် ဝင်ဖမ်းသွားတာပါ “ ဟု ၄င်းကပြောသည်။

ဆရာတော်အား မည်သူက မည့်သည့်အကြောင်းအရာကြောင့် မည်သည့်စခန်းတွင် တရားစွဲဆိုထားသည်ကို စုံစမ်းသော်လည်း အတိအကျမသိရသေးကြောင်း ၄င်းကပြောသည်။

လက်ရှိတွင် ရေပူဆရာတော်အား မိုးကုတ်မြို့ တောင်က ချင်အရပ်ရှိ အကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ မိုးကုတ်မြို့က ဒီမိုကရေစီရရှိရေးနှင့် အာဏာရှင် ဖြုတ်ချရေး ပင်မသပိတ်စစ်ကြောင်းကို ရဲနှင့် စစ်တပ်က သေနတ်ပစ်ပြီး မျက်ရည်ယိုဗုံးများအသုံးပြုကာ ဖြိုခွဲမှုများ ပြုလုပ်ခဲ့ရာ ရာဘာကျည်ထိမှန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ပြီး လူဦးရေ ၈၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here