မိသားစုဓါတ်ပုံလေးကိုကိုင်ပြီး ငိုနေတဲ့ ကိုရင်လေးရဲ့အဖြစ်

175

မိသားစုဓါတ်ပုံလေးကိုကိုင်ပြီး ငိုနေတဲ့ ကိုရင်လေးရဲ့အဖြစ်လွမ်းတယ် အမေနဖူးလေးစမ်းပြီးအပူတိုင်းတတ်တဲ့အမေ့ ရဲ့လက်တစ်စုံကို လွမ်းတယ် ဘာစားချင်လည်းလို့ ခ ဏ ခ ဏ မေးတဲ့

အမေ့ ရဲ့စကားသံလေးလေးကို လွမ်းတယ်လေစိမ်းတွေ ထွက်မခံပါနဲ့ဆိုတဲ့အမေ့ ရဲ့သတိပေးသံလေးကိုလည်း လွမ်းတယ်ပူပူနွေးနွေးနဲ့အမေ့ လက်ရာဆန်ပြုတ်တစ်ခွက်ကိုလည်း လွမ်းတယ်ငယ်ဘ ဝ ငယ်ညတွေကအမေ နဲ့ပတ်သက်သမျှ

အရာအားလုံးကိုလွမ်းတယ် အမေအခုတော့ အမေဝေးတစ်မြေ နယ်တစ်ခြားကစာသင်သားတစ်ယောက်ဘဝရဲ့ အဖြစ်ကိုအမေ သိလေမလားအမေ့ အမြင်မှာ မသိသာပေမယ့်သား ရင်မှာ အထိနာခဲ့ရသူပါ အမေမိုးထိလို့အဖျားမိနေပေမယ့်မရပ်နားနိုင် ဆွမ်းထွက်ရပြန်တယ် အမေသဒ္ဓါဆွမ်းမရပ်ရင်တစ်ထွာဝမ်းငတ်တဲ့အဖြစ် အမေ သိလေမလား

ဝိကာ လနေအလွဲမှာလူတကာလို စားသောက်ပိုင်ခွင့်ကမရှိဗိုက်ဆာဆာနဲ့စာတွေအော်ကျတ်ခဲ့ရတဲ့အဖြစ်အမေ သိလေမလားရွယ်တူသူငယ်ချင်းတွေပျော်ပါးနေခိုက်ပျော်စရာဘေးကပ်အဋ္ဌကထာတွေ တိုးကျပ်နေရတဲ့အဖြစ်အမေ သိလေမလား

ယုယမဲ့သူမရှိ..ပြုစုမဲ့သူမရှိအရွယ်နဲ့မမျှအောင် ရင့်ကျတ်နေ ရတဲ့သားအဖြစ်အမေ မြင်လှည့်ပါတော့ အမေသာသနာက အေးချမ်းပါတယ်ဆိုတဲ့ အမေ့စကားသား ဘယ်လိုနားလည်ရမလဲ အမေတကယ်တော့ အမေထင်သလောက်မလွယ် တဲ့ဒီသာသနာမှာပျော်လို့နေတာတော့ မဟုတ်ပါဘူး အမေအမေ့ ရည်မှန်းချက်တွေတွက်ဝေဒနာတွေကို ကွယ်ဝှက်ဒေသနာတွေနဲ့နေတတ်အောင်ကြိုးစားနေသူပါ အမေဒါတွေ အမေ သိပါစေလွမ်းတယ်အမေအမေ့ကျေးဇူးစပ်နိုင်ကြပါစေ

LEAVE A REPLY

Please enter your comment!
Please enter your name here