မိခင်ကြီးအတွက်ရည်စူးပြီး ကောင်းမှုတွေပြုလုပ်ပေးခဲ့တဲ့ မို့မို့မြင့်အောင်

96

ရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး မို့မို့မြင့်အောင်ကတော့ မနေ့က စက်တင်ဘာလ(၃၀)ရက်နေ့မှာ ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့ပါတယ်။ အလှူလေးကိုတော့ မိခင်ကြီးကွယ်လွန်တာ (၁)နှစ်ပြည့်နှစ်ပတ်လည်အတွက် ရည်စူးပြီးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ကွယ်လွန်သွားခဲ့တဲ့ (၁)နှစ်တိတိပြည့်မြောက်သွားခဲ့ပေတဲ့လည်း မိခင်ကြီးကို တစ်ရက်မှမေ့မရဘဲ လွမ်းဆွတ်တမ်းတကာ ကြေကွဲနေရကြောင်းကိုလည်း “လွမ်းနေရင်းလွမ်းနေရင်း ပါးလေးအပ်ပြီးရင်ခွင်ငွေ့မရှူရှိုက်ရတာတစ်နှစ်တောင်ပြည့်သွားပါပြီ ။မာမီရင်ခွင်လေးလွမ်းတသသ လွမ်းလိုက်ရတာ ညနေမာမီကိုထမင်းခွန့်ချိန် ရောက်ရင် ဘာလုပ်ရမှန်းမသိ ဟိုယောင်ဒီယောင်နဲ့ထမင်းခွန့်ပြီးဘုရားအတူတူရှိ ခိုးတယ် လွမ်းလိုက်တာ မာမီ သနပ်ခါး နံ့သင်းသင်းလေးရနေတုန်းပဲ။

မာမီ ခွဲခွာသွားတာတစ်နှစ်ပြည့် သမီးတို့တွေ သံဃာတော်တွေဆွမ်းကပ် ဘုန်းတော်ကြီးကျောင်းမှာလိုအပ်တာလေးတွေဒါနပြုလှုဒါန်းဖြစ်ပါတယ်။မာမီကောင်းရာဘုံအဆင့်အမြင့်ရောက်ပြီးနိဗ္ဗာန်သို့အရောက်လှမ်းနိုင်ပါစေ။”ဆိုပြီး မို့မို့မြင့်အောင်က မိခင်ကြီးအတွက်အလှူလေးပြုလုပ်ခဲ့ကြောင်းနဲ့အတူ သူရဲ့ ခံစားချက်တွေကိုပါမျှဝေထားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ။

LEAVE A REPLY

Please enter your comment!
Please enter your name here