မအလ ကိုကိုးကျွန်းနဲ့ မြိတ်ကို တကယ်သွားခဲ့တာလား?

182

မအလ ဒီနေ့ ကိုကိုးကျွန်းနဲ့ မြိတ်ကို တကယ်သွားခဲ့တာလား?

ဒီနေ့ မအလ တယောက် ကိုကိုးကျွန်းနဲ့ မြိတ်ကို သွားတယ်လို့ သတင်းရပါတယ်။ ဘန်ကာထဲမှာ ပုန်းနေတဲ့ မအလ တယောက် ဒီလောက် ဟော့နေတဲ့ ကိုကိုးကျွန်းကို တကယ်သွားခဲ့သလား? အချက်လေးတွေနဲ့ ပြောပါမယ်။

ပုံ (၁) ကတော့ ဒေါ် အောင်ဆန်းစုကြည် ၂၀၂၀ ခုနှစ် သြဂုတ်လက ကိုကိုးကျွန်းကို သွားခဲ့တဲ့ ပုံပါ။ ပုံ (၂) ကတော့ ဒီနေ့ မအလ သွားခဲ့တဲ့ ပုံပါ။ ကျန်တဲ့ (၂) ပုံကတော့ ကျွန်းစုမှာ မအလ မိန့်ခွန်း ပြောနေပုံ ဖြစ်ပါတယ်။ ပုံထဲမှာ နံပါတ်လေးတွေ ရေးပေးထားပါတယ်။

ပုံ (၁) ၂၀၂၀ ခုနှစ် သြဂုတ်လမှာ ဒေါ်အောင်ဆန်းစုကြည် ကိုကိုးကျွန်း ခရီးစဉ် သွားရောက်ခဲ့ပုံ

(၁) ကိုကိုးကျွန်းလို နေရာမျိုးမှာ ခန်းမ တခုထဲ ရှိတယ်။ အဲဒီမှာ စတိတ်စင်နောက်ခံမှာ ရေးထားတဲ့ စာတွေက များသောအားဖြင့် အသေထားထားတာ များတယ်။ ဒိတ်ပဲ ပြောင်းလိုက်တာပေါ့။ ပိုသေချာတာက ဒီကြားထဲမှာ ကိုဗစ်ကြောင့် ဘာပွဲမှ မလုပ်ရတော့ ပြောင်းမှာ မဟုတ်ဘူး။ မအလက camera bound ထဲကို ကိုကိုးကျွန်းရော၊ တွေ့ဆုံပွဲရော အတင်းဝင်အောင် စာလုံးဖောင့်တွေကို သေးပစ်လိုက်တာ ဖြစ်နိုင်တယ်။

(၂) ရေသန့်ဘူးကို တူအောင် ရွေးထားတယ်။ တချက်မှားသွားတာက dassk တုန်းက ဘူးသေးပဲ။ မအလမှာကျတော့ ရှိတာ ဆွဲလာခဲ့ရတော့ ၁ လီတာ ဘူးကြီး ဖြစ်နေတယ်။ လူကြီးတွေ မီတင်မှာ ဘယ်သူမှ ၁ လီတာဘူးကြီး ချမပေးဘူး။
(၃) အာဆီယံ ဇွန်းမီတင်ထဲမှာ ပါခဲ့တဲ့ လေးပေ မီးချောင်းကြီးက ပါလာပြန်ပြီ။

ပုံ (၂) မအလ ယနေ့ ကိုကိုးကျွန်း ခရီးစဉ်

ရုပ်သံဖိုင်မှာတော့ ကိုကိုးကျွန်း၊ မြိတ်နဲ့ ကျွန်းစု နေရာ (၃) နေရာကို ရောမွှေပြီး ပြသွားတယ်လို့ သိရပါတယ်။ မအလ ပြောနေပုံ တဖြတ်၊ လူတွေ နားထောင်နေပုံ တဖြတ်နဲ့ ရိုက်သွားတာလို့ ကြည့်မိတဲ့သူတွေက ပြောပါတယ်။ ကျွန်တော်ကတော့ ချဉ်လွန်းလို့ မကြည့်ပါဘူး။

ဗီဒီယိုဖိုင်ထဲက ပြကွက်အချို့ထဲမှာလည်း ကျွန်းစုမြို့နယ်မှာ တော်တော် သိသာပါတယ်။ အဝေးက ရိုက်ပြတော့ မျက်နှာကျက်နဲ့ ခေါင်းနဲ့ အဝေးကြီး ဖြစ်နေပြီး stand နဲ့ စားပွဲကလည်း တော်တော် ကွာပါတယ်။ အနီးကပ် ရိုက်ချက်မှာတော့ မျက်နှာကျက်နဲ့ ခေါင်းနဲ့က ထိနေပြီး stand နဲ့ စားပွဲကလည်း ကပ်လျက် ဖြစ်နေပါတယ်။ ကင်မရာ ကျွမ်းကျင် ပညာရှင်များ သုံးသပ်ပေးကြပါဦး။ ကျွန်တော် ထင်တာကတော့ လူတွေ မရှိတဲ့ အချိန်မှာ စင်ပေါ် တက်တဲ့ cut ကို ရိုက်တာလို့ ထင်တာပါပဲ။

ပုံ (၃) ကျွန်းစု စတိတ်စင် အနေအထားကို အဝေးမှ မြင်ရပုံ

သုံးသပ်ရရင်တော့ ဒီလို အခြေအနေမျိုးမှာ ငါတော့ မကြောက်ဘူးကွ ဆိုပြီး ကိုကိုးကျွန်းအထိ သွားပြီး တော်တော် ရှည်တဲ့ briefing ပေးလိုက်တယ်လို့ ပြချင်ပေမယ့် တကယ် သွားခဲ့တာလား မသွားခဲ့ဘူးလား၊ မြောက်ကိုရီးယားလို ဇာတ်ညွှန်းရေးပြီး ရိုက်ပြတာလား ဆိုတာကတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ပုံ (၄) အနီးကပ် အနေအထားမှာ ဆက်တင်တွေ အားလုံး လွဲနေ

ခရက်ဒစ် မောင်လေးလုံး

LEAVE A REPLY

Please enter your comment!
Please enter your name here