မအလကို အရှိုက်ထိအောင် မေးနိုင်ခဲ့တဲ့ သတင်းထောက် အဖမ်းခံလိုက်ရပြီ

192

BBC နှင့် Mizzima နေပြည်တော် သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ

BBC သတင်းဌာနမှ နေပြည်တော်အခြေစိုက် ကိုအောင်သူရကို ယနေ့(မတ် ၁၉) မွန်းတည့်ချိန်ခန့်၌ ဖမ်းဆီးသွားကြောင်း ၎င်း၏မိသားစုဝင်က Myanmar Now ကို အတည်ပြုသည်။

ကိုအောင်သူရနှင့်အတူရှိနေသည့် အာဏာသိမ်းစစ်ကောင်စီက ထုတ်ဝေခွင့်ရပ်ဆိုင်းထားသည့် Mizzima သတင်းဌာန သတင်းထောက်ဟောင်း ကိုသန်းထိုက်အောင်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွား ကြောင်းသိရသည်။

နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်တရားရုံးရှေ့တွင် BBC သတင်းဌာနအတွက် လုပ်ငန်းတာဝန်ထမ်း ဆောင်နေစဉ် ထိုသို့ဖမ်းဆီးခံရခြင်းဖြစ်ပြီး အသေးစိတ်ကို မသိရသေးကြောင်း ကိုအောင်သူရ၏ မိသားစုဝင်က ပြောသည်။

သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်။

LEAVE A REPLY

Please enter your comment!
Please enter your name here