မအလကို ကဒါဖီတို့ ဘင်လာဒင်တို့နဲ့ယှဉ်ပြီး ပြောနေလို့ပါ မပြောသင့်ပါ

449

မအလကို ကဒါဖီတို့ ဘင်လာဒင်တို့နဲ့ယှဉ်ပြီး ပြောနေလို့ပါ။

ဘင်လာဒင်…..

Eco၊ Civil Engineering၊ Public Administration ဘွဲ့ရ။ Oxford ကျောင်းဆင်း၊ English စာကို ဂျွမ်းပြန်နေအောင်တတ်၊ ကမ္ဘာ့အတော်ဆုံး Civil Engr တွေကိုယ်တိုင် အခိုင်ခန့်ဆုံးလို့ ကြွေးကြော်ထားခဲ့တဲ့ ကမ္ဘာ့အမြင့်ဆုံး WTC အဆောက်အအုံရဲ့ Structural Weak Point ကို အခန်းကျဉ်းလေးထဲ သုံးလတည်းနဲ့ရှာခဲ့၊ Demolition Design ကို ကိုယ်တိုင်ဆွဲခဲ့၊ ကမ္ဘာ့အရက်စက်ဆုံး အကြမ်းဖက်မှုကို ကြိုးကိုင်ခဲ့သူ။ ဆယ်စုနှစ်တစ်စုနီးပါး ဘယ်အဖွဲ့အစည်း၊ ဘယ်လိုနည်းပညာနဲ့မှ ရှာမရခဲ့တဲ့ ကမ္ဘာ့အလိုအရှိဆုံး အကြမ်းဖက်ခေါင်းဆောင်။ ၂၀၁၁ မှာ သေ၊ အလောင်းတောင် ပင်လယ်ထဲ အစဖျောက်ခံရ၊ တကမ္ဘာလုံးပျော်မဆုံး။

ကဒါဖီ……

Benghazi စစ်တက္ကသိုလ်ရဲ့ အတော်ဆုံးကျောင်းသား၊ UK ကို ပညာတော်သင် အပို့ခံရတဲ့ ကျောင်းသား၊ လူငယ်ဘဝတည်းက Political Activist ၊ လစ်ဗျားရဲ့ ချန်ထားမရတဲ့ စာရေးဆရာ၊ ကမ္ဘာ့သက်တမ်းအရင့်ဆုံး အာဏာရှင်အဖြစ်နဲ့ တတိုင်းပြည်လုံးကို ဝါဒမှိုင်းတိုက်ခဲ့သူ။ ၂၀၁၁ မှာ မြောင်းထဲ ခွေးသေဝက်သေသေ၊ လစ်ဗျားတနိုင်ငံလုံး ပျော်မဆုံး။

မအလ….

Law တက်၊ Exam သုံးခါကျပြီးမှ DSA ထဲဝင်၊ အဖေဖြစ်သူ သောင်းလှိုင် ( တချိန်က နေဝင်းဘောမပြီး ထမင်းဝခဲ့တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ငိုစားရယ်စား Civil Engr အုပ်စုဝင် ) ရဲ့အကပ်နဲ့ သန်းရွှေဘောပြေးမ၊ မောင်အေးဘောလည်း ကပ်မ၊ ဘော size စုံမခဲ့ရပြီး ၂၀၁၁ မှ အဘပေးတဲ့နေရာရ၊ လုပ်သက်ပြည့်လည်း ပင်စင်မယူ ဆက်လုပ်၊ ဘဝတသက်တာလုံး ဘာ Talent မှ သမိုင်းမရှိ၊ ၂၀၂၁ မှာ အရပ်သားဘဝနဲ့သွားရင် ICJ က ဖင်ဝိုင်းချမှာကို ကြောက်လို့ သွေးရူးသွေးတန်းနဲ့ အာဏာသိမ်းလိုက်ရ။ ဘယ်နေ့သေမယ်မသိရသေး၊ တနိုင်ငံလုံး ပျော်ဖို့စောင့်စားနေဆဲ။

ပြောချင်တာကတော့ အပေါ်ကလူတွေနဲ့ ယှဉ်မပြောနဲ့ဗျ။ အပေါ်ကလူတွေက နိုင်ငံတကာကပါ ကြောက်ခဲ့ရ၊ နိုင်ငံတကာကို လူငယ်ဘဝတည်းက ပတ်ခဲ့ဖူးတယ်။ နောက်ပြီး ပညာအရည်အချင်းရော၊ အဆင့်ဆင့် လုပ်ဆောင်လာပုံတွေရော၊ Talent ချင်းရော၊ Height ချင်းပါ ကွာတယ်။ စောက်ကျင့်ယုတ်ပုံချင်းမှာတောင် အပေါ်ကလူတွေက “တရားဥပဒေအရပါ” ဆိုတဲ့စကားကို ဘယ်တော့မှ မသုံးခဲ့ဘူး။ နောက်ပြီး အင်္ဂလိပ်လိုပြောတတ်ကြတယ်။ ပြောချင်တာကတော့ စောက်ကျင့်ယုတ်တာချင်းအတူတူတောင် ယှဉ်ပြောရလောက်စရာလူ မရှိဘူးဗျ။ ဒါကြောင့် မယှဉ်ပါနဲ့။

Htet Wana

LEAVE A REPLY

Please enter your comment!
Please enter your name here