မဝင်းမော်ဦး ၅၀နှစ်ပြည့်နဲ့ မမြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၉လပြည့်နေ့မှာ တော်လှန်ရေး ကျဆုံးသူရဲကောင်းတွေအတွက် ဘာသာပေါင်းစုံ မီးထွန်းဆုတောင်းပေး

55

စစ်အာဏာရှင်စနစ်ဆိုးကိုတော်လှန်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေနဲ့ မတရား ညှဉ်းပန်းသတ်ဖြတ်ခံရတဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေအတွက် ရည်စူးပြီး ဘာသာပေါင်းစုံ စုပေါင်းပြီး မီးထွန်းဆုတောင်းပေးခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Elmhurst မှာ ဗမာ့ ဒီမိုကရေစီလှုပ်ရှားမှု ထောက်ခံရေးအဖွဲ့ကဦးဆောင်ပြီး အခုလို မီးထွန်းဆုတောင်းပေးခဲ့ကြတာပါ။

နိုဝင်ဘာ ၁၉ ရက်ဟာ ၈၈၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးမှာ စစ်တပ်ရဲ့ပစ်သတ်ခံရပြီး ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသူ မဝင်းမော်ဦးရဲ့ အသက် ၅၀ ပြည့် မွေးနေ့အခါလည်းဖြစ်သလိုနွေဦးတော်လှန်ရေးမှာ ဦးခေါင်းကို ပထမဆုံးပစ်သတ်ခံရတဲ့ မမြသွဲ့သွဲ့ခိုင် ကျဆုံး ၉ လပြည့်လည်းဖြစ်ပါတယ်။

ကျဆုံး သူရဲကောင်းတွေအတွက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်ဘာသာ ယုံကြည်ကိုးကွယ်သူတွေ၊ အစ္စလာမ် ဆုတောင်းပေးသူတွေနဲ့ ဟိန္ဒူဘုန်းကြီးတွေက မေတ္တာပို့ ဆုတောင်းပေးခဲ့ကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here