မလွှကုန်း CDM ဝန်ထမ်းတွေအတွက် လှူထားတဲ့ ဆန်အိတ်တွေ အကြမ်းဖက်စစ်တပ် လုယူ

288

မလွှကုန်း CDM ဝန်ထမ်းတွေအတွက် လှူထားတဲ့ ဆန်အိတ်တွေ အကြမ်းဖက်စစ်တပ် လုယူ

မလွှကုန်း၊ မတ် ၁၀

ဒီကနေ့ မနက် အစောပိုင်းထဲက မလွှကုန်းမီးရထားဝင်းကို ဝင်ရောက်စီးနင်းနေတဲ့ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် စစ်တပ်ဟာ CDM ဝန်ထမ်းတွေအတွက် လှူဒါန်းထားတဲ့ ဆန်အိတ်တွေ၊ လှူဒါန်းထားတဲ့ ပစ္စည်းတွေကို လုယူသွားခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ စက်ခေါင်းမောင်းနားနေရိပ်သာကိုလည်း ဖြိုချထားပြီးအကြမ်းဖက်နေကြပါတယ်။ အဆိုပါဝန်းအတွင်းမှာတော့ သက်ကြီးရွယ်အိုနဲ့ ကလေးအများစု ကျန်ခဲ့တဲ့အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်နေပါတယ်။

အဆိုပါ ဝန်ထမ်းရပ်ကွက်ဟာ မြန်မာတစ်နိုင်ငံလုံးက အမြန်ရထားအားလုံးရဲ့ ပင်မစက်ရုံရှိတဲ့ ရပ်ကွက်ဖြစ်ပြီး တစ်ဝန်းလုံးဟာ CDM လုပ်နေကြတာ ဖြစ်တဲ့အတွက် ရဲ၊ စစ်သား အင်အား ၃၀၀ ကျော်နဲ့ ဝင်ရောက် အကြမ်းဖက်နေတာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here