မယုံနိုင် စရာ ထူးထူးခြားခြား စားလို့ ရတယ်ဆိုတဲ့ မြေကြီးခဲတွေ ရောင်းတဲ့ အဖွားအို

295

မယုံနိုင် စရာ ထူးထူးခြားခြား စားလို့ ရတယ်ဆိုတဲ့ မြေကြီးခဲတွေ ရောင်းတဲ့ အဖွားအိုမဂ်လာပါ ပရိတ်သတ်ကြီးရေ သင် မြင်ရင်ပဲဖြစ်ဖြစ် ကြားခဲ့ရင်ပဲဖြစ်ဖြစ် လုံးဝ ယုံနိုင်မှာတောင် မဟုတ်တဲ့မြေကြီးခဲ တွေကိုရောင်းတဲ့ထူးခြားတဲ့အဖွားအို အကြောင်းလေး ဗဟုသုတ စေရန်အလို့ငှာ ပြန်လည် ဝေမျှပေးလိုက် ပါတယ်နော်။

ရှေးခေတ် ဗြဟ္မာကြီးတွေ မြေသင်းစား လို့ ထူးဆန်းတဲ့ အချစ်ဖြစ်ပေါ်ခဲ့သတဲ့ (မင်းအောင် သီချင်းထဲ ကြားဖူးခဲ့တာပါ)တစ်ကယ့် မြေကြီးကိုစားစရာ အဖြစ် ရောင်းမှန်း ခုမှပဲသိခဲ့ရပါတယ်။တစ်သက်နဲ့ တစ်ကိုယ် အခုမှ မြင်ဖူးကြားဖူးတာပါ၊မိတ်ဆွေတို့ရော?။အောင်ပန်းဈေး နေ့တိုင်းမြေကြီးခဲလာရောင်းတဲ့ အဖွားအိုတစ်ဦး ကြောင့် သတိထားမိခဲ့တာပါ။ ဒီမြေခဲတွေက စားလို့ရတဲ့ မြေခဲလေးတွေပါ။

မြေခဲတိုင်းတော့ စားလို့မရပါဘူး ။ဒီဟာကို ပအိုဝ်းလူမျိုးအခေါ်အဝေါ်က *ဟမ်းတော့*လို့ခေါ်ပါတယ်။မြေကြီးတော့ဟုတ်တယ် ၊ဒါပေမယ့် ရိုးရိုးမြေကြီးတော့ မဟုတ်ပါဘူး။ လွယ်လွယ်နဲ့ လည်းရှာလို့မရနိုင်ပါဘူး။ဒီစားလို့ရတဲ့ မြေကြီးတွေကနေရာသက်သက် ရှိပါတယ်။ဒီမြေကြီးကို စားတဲ့သူတွေက များသောအားဖြင့် အဖိုးအဖွားတွေပဲ ဖြစ်ပါတယ်။အစာပြေပေါ့ ထမင်းစားပြီးရင် စားကြတာများတယ်။ တချို့ကြ စားတာစွဲသွားရင် မစားရဘဲ မနေနိုင်ဖြစ်သွားတတ်ပါတယ်။နို့ဆီဘူး တစ်ဘူး ငါးရာကျပ် ကြပါတယ်။ အရသာကတော့ စိမ့်နေပြီး ထုံးဓါတ် အနည်းငယ်ပါ ပါတယ်။ အနည်း ငယ် လည်း စပ်ပါတယ်။ ရှမ်းလို လိန်ဟွမ်း လို့ခေါ်တယ်။ဗမာလို မြေကြီး မွေးလို့ အဓိပ္ပါယ် ရတယ်။ ရှမ်းပြည် တောင်ပိုင်းမှာဆို ဗအို့လူမျိုးတွေ အစားမျာပါးတယ်။ ထူးထူးဆန်းဆန်း လေးမို့ မိတ်ဆွေတို့ အတွက် မျှဝေပေးလိုက်ရတာပါ ။

အခုလို ဝင်ရောက် ဖတ်ရူ့ ပေးကြတဲ့ ပရိတ် ကြီးလည်း ကျန်းမာ ပျော်ရွှင် သော နေ့ရက် များကို သက်ဆုံး တိုင် ပိုင်ဆိုင် နိုင်ပါ စေလို့ ဆုတောင်းပေးလိုက် ပါ တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here