မင်းအောင်လှိုင် ပြည်ပထွက်တာနဲ့ ဖမ်းဆီးသင့်လို့ R2P ဒါရိုက်တာ ရေးသား

315

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ပထွက်တာနဲ့ ဖမ်းဆီးသင့်လို့ R2P ဒါရိုက်တာ ရေးသား

ASEAN Summit ကို တက်ရောက်ဖို့ရှိနေတဲ့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံကနေ ထွက်ခွာတာနဲ့ အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်အရ ဖမ်းဆီးသင့်တယ်လို့ Global Center for R2P ရဲ့ အမှုဆောင်ဒါရိုက်တာ Simon Adams က Twitter မှာ ရေးသားလိုက်ပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ လူပေါင်း ၇၀၀ ကျော် သေဆုံးမှုအတွက် တာဝန်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဧပြီလ ၂၄ ရက်မှာ ကျင်းပမယ့် ASEAN Summit ကို ဖိတ်ကြားခံထားရတာလည်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ လူသားမျိုးနွယ်နဲ့ဆိုင်တဲ့ ရာဇဝတ်မှုကို ကျုးလွန်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လက်ထိပ်နဲ့ပဲ သက်ဆိုင်တယ်လို့ Simon Adams က ဆိုပါတယ်။

နောက်ပြီး ASEAN Summit ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစား အမျိုးသားညီညွတ်ရေး အစိုးရ – NUG က တက်ရောက်ဖို့ ဖိတ်ကြားသင့်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ASEAN Summit ကို တက်ရောက်မယ်လို့လည်း ထိုင်းနိုင်ငံခြားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုထားပါတယ်။

သံလွင်ခက် – Than Lwin Khet News

LEAVE A REPLY

Please enter your comment!
Please enter your name here