မင်းအောင်လှိုင်သွားရမယ့်နေရာက အာဆီယံ မဟုတ်ဘူး အကျဉ်းထောင် ဟု ပြတ်သားစွာ ပြောလိုက်တဲ့ R2P အမှုဆောင်ဒါရိုက်တာ

261

စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်တဲ့အတွက် မြန်မာပြည်သူတွေဟာ စစ်အာဏာရှင် လက်အောက်မှာ မနေနိုင်ဘူးဆိုပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြကာ ဒီမိုကရေစီ ပြန်ရဖို့ တောင်းဆိုခဲ့ကြပေမယ့်။

 

အာဏာသိမ်းစစ်တပ်ကတော့ ပြည်သူတွေရဲ့တောင်းဆိုမှုကို လျစ်လျူရှု့ရုံသာမက ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုနေကြတဲ့ ပြည်သူတွေကို အကြမ်းဖက်ပစ်ခတ် နှိမ်နင်းခဲ့ကြသဖြင့် ပြည်သူထောင်ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ယခုချိန်ခါမှာတော့ ကောင်းမွန်စွာတောင်းဆိုလို့ မရတဲ့အတွက် ခုခံစစ်ကို ဆင်နွှဲလာခဲ့ကြချိန်လည်း ဖြစ်တဲ့အတွက် အာဏာသိမ်းတပ်ဟာ ကပေါက်တိကပေါက်ချာနဲ့ ဗရမ်းဗတာ အခြေအနေကို ရောက်နေရသလိုနိုင်ငံတကာမှလည်း မြန်မာပြည်သူများ မတရားခံရမှုကနေ ဘေးကင်းလွတ်မြောက်စေဖို့အတွက် စစ်ကောင်စီတပ်ကို ဖိအားတွေ ပေးနေကြသလို၊အာဆီယံအဖွဲ့မှလည်း ယခုရက်ပိုင်းမှာ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်တားမြစ်ကြောင်း ထုတ်ပြန်လာခဲ့ပြန်သဖြင့် တပ်တွင်းယုံကြည်မှုတွေပါ ပြိုကျလာနေကြောင်း သတင်းများ ထွက်လို့လာနေပါတယ်။

ဒီလိုအခြေအနေမှာပဲ ယနေ့မှာတော့ R2Pအမှုဆောင်ဒါရိုက်တာ ဖြစ်သူက သူ့ရဲ့တွစ်တာအကောင့်ကနေပြီး ယခုလို ပြတ်သားစွာ ရေးသားပြောဆိုလာတာကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ပြေးစရာမြေမဲ့တဲ့ အဖြစ်ကို ရောက်ပြီလို့ ဆိုရမလိုပါပဲနော်။အာတူးပီဒါရိုက်တာ ရေးသားလာတာကတော့ “အပြစ်မဲ့ ပြည်သူတွေ ကိုနှိပ်စက်နေတဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေ သွားရမယ့် နေရာက အာဆီယံ အစည်းအဝေး မဟုတ်ဘူး။

လက်ထိပ် တန်းလန်းနဲ့ အကျဉ်းထောင် ထဲပဲဖြစ်ရ မယ်”လို့ R2P အမှုဆောင် ဒါရိုက်တာ UN သံအရာရှိ ဆိုင်မွန် အဒမ်မ် Simon Adams မှ ၄၏ တွစ်တာ အကောင့်မှာ ရေးသား ဖော်ပြလာတာပဲ ဖြစ်ပါတယ်နော်။ဒီသတင်းကို အများပြည်သူ သိရှိနိုင်စေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ မြန်မာပြည်သူပြည်သား အပေါင်းတို့ လိုလားတောင့်တအပ်သော မျှော်လင့်ချက်ခရီး အမြန်ဆုံး ရောက်ရှိနိုင်ကြပါစေလို့ ဆုမွန်ပြုလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here