မင်းအောင်လှိုင်နဲ့‌တွေ့ဆုံပြီးနောက် ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ် ဗုံးထောင်ခံရ

119

ဖခင်ကြီးမင်းအောင်လှိုင်နဲ့‌တွေ့ဆုံပြီးနောက် ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ် ဗုံးထောင်ခံရကြောင်းသိရှိရပါသည်။မင်းအောင်လှိုင်နဲ့‌တွေ့ဆုံခဲ့ပြီးနောက် ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ်ဟာ ဗုံးထောင်ခံရတယ်လို့ သိရှိရပါသည်။

ဒီကနေ့ နိုဝင်ဘာ ၆ရက် ညနေပိုင်းမှာ ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ်မှာ မသင်္ကာဖွယ် အထုပ်တစ်ထုပ်တွေ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား အများအပြား ရောက်ရှိ စစ်ဆေးမှု့တွေ ပြုလုပ်နေပါသည်။လက်ရှိအချိန်ထိ ဗုံးမပေါက်ကွဲသေးဘဲ ဗုံးကို ရှင်းလင်းဖို့ ကြိုးစားနေကြပါသည်။

အောက်တိုဘာလ ၃၁ ရက်နေ့က မင်းအောင်လှိုင်နဲ့‌ စာပေ၊ ရုပ်ရှင်၊ သဘင်၊ အနုပညာရှင် တွေနဲ့တွေ့ဆုံမှု့တွေ ပြုလုပ်ပြီးနောက် ဒီကနေ့ နိုဝင်ဘာ ၆ရက် မနက်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို သတိပေးဗုံးဖောက်ခွဲခံခဲ့ရသလို ညနေပိုင်းမှာလည်း ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ်မှာ ဗုံးတွေ့ရှိခဲ့တာဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here