မင်းအောင်လှိုင်နှင့် အပေါင်းအပါ တွေကို ICJ မှာ ကိုရီးယားနိုင်ငံက တရားစွဲဆိုနိုင်သည်အထိ ကြိုးပမ်းသွားမည်

190

မအလနှင့် အပေါင်းအပါ တွေကို ICJ မှာ ကိုရီးယားနိုင်ငံက တရားစွဲဆိုနိုင်သည်အထိ ကြိုးပမ်းသွားမည်

Gyeonggi Do ပြည်နယ်ဝန်ကြီးချုပ် Mr. Lee Jae Myung နဲ့ တောင်ကိုရီးယား အခြေစိုက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီမှ တာဝန်ရှိသူများ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒီမိုကရက်တစ် ရှေ့နေများအဖွဲ့မှ ရှေ့နေ Mr. Song Sang Min မအလနဲ့ အပေါင်းအပါတွေကို ICJ မှာ တရားစွဲဆိုဖို့ စီစဉ်ထားတဲ့ အကြောင်းကိုဝန်ကြီးချုပ်ကို တင်ပြခဲ့ပါတယ်။

မအလနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေ၊ သက်သေတွေကို စုဆောင်းထားရှိပြီး ရာဇ၀တ်မှု ကျူးလွန်ထားတယ်ဆိုတဲ့ အချက်တွေကို ထောက်ပြပြီး ဥပဒေရေးရာအတိုင်း စီစဉ်ဆောင်ရွက်ကာ ICJ မှာ ကိုရီးယားကနေ တရားစွဲဆိုနိုင်တဲ့ အထိ ဆောင်ရွက်သွားမယ်လို့ တင်ပြခဲ့ပြီး ၀န်ကြီးချုပ်ကလည်း အတည်ပြုပေးခဲ့ပါတယ်။

Gyeonggi Do ပြည်နယ်သာမက ကိုရီးယားအစိုးရကပါ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရှင်သန်ရှေးကို ဖိအားပေးပြီး ကူညီဆောင်ရွက်မယ်လို့ ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

source: RFA

LEAVE A REPLY

Please enter your comment!
Please enter your name here