မင်းသားဒေါင်းကို ပြည်သူတွေထင်ထားတဲ့အတိုင်း ဖြစ်မလာသေးတဲ့အပေါ် ဝေဖန်လိုက်တဲ့ မင်းသားဇေရဲထက်

195

မင်းသားချော ဇေရဲထက်ကတော့ ဗီဒီယိုဈေးကွက်မှာ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့ပြီး အခုဆိုရင် အနုပညာလောကနဲ့အဆက်အသွယ် ပြတ်တောက်သွားတာ နှစ်နှစ်ကျော်အချိန်ကို ရှိပြီ ဖြစ်ပါတယ်။

အောင်မြင်ခဲ့စဉ် အချိန်ကလည်း လုပ်ဖော် ကိုင်ဖက်တွေအပေါ် စေတနာအပြည့် ထားသလိုသူဇာတ်ကားတွေ မရိုက်တော့တဲ့အခါမှာလည်း အောင်မြင်နေတဲ့ လုပ်ဖော်ကိုင်ဖက် တွေကိုချီးကျူးဖို့ ဝန်မလေးသူ တစ်ယောက် ဖြစ်ပါတယ်။ဒီနေ့မှာတော့ ဇေရဲထက်က အပြင်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။

သတင်းသဲ့သဲ့တော့ ကြားတယ် ဘာပဲဖြစ်ဖြစ် ဆရာကောင်းတပည့် ပန်းကောင်ပန်တာပေါ့အာ့လိုဆရာတွေ တွေ့ခွင့်ရတာ မင်္ဂလာတပါးပါ ဦးကျော်သူကိုလည်း တကယ်လေးစားပါတယ်။ဒေါင်းကကြာပြီလေ ဖြစ်သင့်ပါပြီ သူလည်းကျနော် တို့နဲ့တန်းတူ ဆာတိုရီတင်ခဲ့တဲ့ မင်းသားပဲသူလည်း အခြေအနေတခု ရသင့်နေပါပြီ ကံအခြေအနေက သူ့အတွက်အခုမှ ပေးလာသလိုပံ့ပို့မူ့တွေကလည်း သူ့အတွက် ကျွန်တော်တောင် မကြုံဘူးတဲ့အရာတွေ တွေ့ရတယ်။

တကယ်တတ်မယ့် နှစ်ကလည်း ဘက်မျှတယ်ထင်တယ်လို့ ယူဆတဲ့အချိန် ဆိုပြီး ပြောထားပါတယ်ဇေရဲထက်က သူကိုယ်တိုင်လည်း အမျိုးသား ဇာတ်ပို့ဆုနဲ့ ပရိသတ်တွေ ခန့်မှန်ထားခြင်းခံရပေမယ့် ဘာကိုမှ မျှော်လင့် မထားတာပဲ ဖြစ်ပါတယ်။ဇေရဲထက်လည်း တစ်ချိန်မှာ ပရိသတ်ဖြစ်စေချင်တဲ့ အကယ်ဒမီမင်းသားကြီးတစ်လက် ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here