မငတ်ရုံတမယ် ရုန်းကန်နေရတဲ့အကြောင်းတွေကို ရင်ဖွင့်ရေးသားလာတဲ့ အဆိုတော် စိုင်းဆိုင်မော့ဝ်ရဲ့ဇနီး ခေးလားမိုး

228

မငတ်အောင်ပဲ မနည်းရုန်းကန်နေရင်းကျမ်းမာအောင်နေရပါတယ် “လို့ နိုင်ငံကျော်တေးသံရှင်ကြီးစိုင်းဆိုင်မော်ဝ်၏ဇနီးဖြစ်သူ ခေးလားမိုး ဖွင့်ဟပြောဆိုထားပါသည်။“၂၀၂၁မှာ…ထီဆိုင်လည်းပြုတ်၊ ကားလည်းပြုတ်၊နေအိမ်ထပ်ပြုတ်ဖို့ပဲကျန်တော့တယ်။

မူးစုမတ်စု အိမ်ငှားဘဝကနေအိမ်ရှင်ကောင်းတွေ့လို့ နည်းနည်း ဖဲ့ဖဲ့ပေးဝယ်ပြီး အိမ်ငှားဘဝက လွတ်လာခဲ့တာ။ကာလအနေအထားအရ မငတ်အောင်ပဲ မနည်းရုန်းကန်နေရင်းကျမ်းမာအောင်နေရပါတယ်။ဒါနမျိုးစေ့ပိစိလေးတွေနဲ့တင်ကျေနပ်နှစ်သိမ့်ရပါတယ်။အိမ်ကြီးနဲ့နေလို့ ဓားပြလာတိုက်လို့ ဘာမှပေးစရာမရှိ အိမ်ကြီး မယူလို့ရရင် ယူသွားပါလို့ပဲ ပြောရင် ယုံမယ်မထင်ဘူး။

ကျမနေမကောင်းဖြစ်တုန်းကဆို ဆန်ကုန်သွားလို့ ဆန်ဖိုးကို စိတ်ရင်းကောင်းတဲ့မိတ်ဆွေဆီကငွေချေးဝယ်ခဲ့ရတယ်။အခု မီတာဆောင်ဖို့တဲ့။ဆောင်သင့်တယ်ပြောတဲ့သူတွေကျမကိုကူဆောင်ပေးကြမလား။ဆောင်မယ်ဆို မဆောင်တာကြာပြီမို့သိန်းဆယ်ချီတယ်နော်။

အခုစီးပွားရေးက မငတ်ရုံလေးတင်မို့ကျမမီတာမဆောင်တာ ကျမစီးပွားရေးမပြေလည်လို့ပါလို့ ကျမ ပြောရင် အပြစ်ဖြစ်ရောလား။ဒီအခက်အခဲ အကျပ်အတည်းကာလတွေမတိုင်ခင်တုန်းကဆို ကျမက တိုင်းပြည်အခွန်ဆောင်ဖို့ အမြဲတက်ကြွနေခဲ့သူပါလို့ ရင်ဖွင့်ပြောကြားထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here