ကုလလုံခြုံရေးကောင်စီက မြန်မာ့အရေး အရေးပေါ်အစည်းအဝေး ပြုလုပ်မည်

163

မြန်မာနိုင်ငံ၌ဖြစ်ပွားနေသော အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က မတ်လ ၃၁ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာ့အ ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တတိယအကြိမ် တွေ့ဆုံမှုဖြစ်လာမည်ဖြစ်သည်။

တပ်မတော်က အာဏာသိမ်းမှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားမှုကြောင့် လုံခြုံရေးတပ်ဖွဲ့များက အကြမ်း ဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ရာ အရပ်သားသေဆုံးမှုများ မြင့်တက်လာခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မတ်လ ၁၀ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဆန္ဒပြသူ များအပေါ် အကြမ်းဖက်မှုကို ရှုတ်ချလိုက်ပြီး မြန်မာ့တပ်မတော်က အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံရန် တောင်း ဆိုလိုက်သည်။

ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန်နှင့် မြန်မာ့တပ်မတော်အပေါ် လက်နက်တင်ပို့မှု အရေးယူမှုပါဝင် သည့် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ရန် အနောက်နိုင်ငံတစ်ချို့က တောင်းဆိုလျက်ရှိသည်။

အစည်းအဝေး၌ မြန်မာနိုင်ငံ၌ အရှိန်တက်လာသော အကြမ်းဖက်မှုများ ရပ်တန့်မည့်အစီအမံများ ချမှတ် နိုင်မည်လားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရပေ။

–ကိုးကား–
အန်အိတ်ခ်ျကေ
Ref; UNSC to meet for 3rd time over Myanmar violence

LEAVE A REPLY

Please enter your comment!
Please enter your name here